ဂရစ်ဇ်မန်းကို ခေါ်၊ မခေါ်အား ဒုဥက္ကဋ္ဌအက်ဝုဒ်ဝက်ကိုသာ မေးရန် မန်ယူနည်းပြမော်ရင်ဟိုပြော

ဂရစ်ဇ်မန်းကို ခေါ်၊ မခေါ်အား ဒုဥက္ကဋ္ဌအက်ဝုဒ်ဝက်ကိုသာ မေးရန် မန်ယူနည်းပြမော်ရင်ဟိုပြော

မေ ၂၈၊ မိုနာကို  ။              ။ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းအား မန်ယူအသင်း ခေါ်ယူမည်၊ မခေါ်ယူမည်ကို အသင်း၏ ဒုတိယဥက္ကဋ္ဌ အက်ဝုဒ်ဝက်ကိုသာမေးရန် မန်ယူနည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

ဖော်မြူလာဝမ်း မိုနာကိုဂရင်းပရီပြိုင်ပွဲသို့ လာရောက်အားပေးနေသည့် မော်ရင်ဟိုကို ဂရစ်ဇ်မန်းနှင့်ပတ်သက်၍မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

'ဂရစ်ဇ်မန်း မန်ယူကိုရောက်လာမှာလားဆိုတော့... ကျွန်တော်မသိပါဘူး။ ကျွန်တော်ဘယ်ကစားသမားကို ခေါ်ချင်တယ်၊ ဘယ်နှစ်ယောက်လောက်ခေါ်ချင်တယ်ဆိုတာ ပြီးခဲ့တဲ့ မတ်လကတည်းက အက်ဝုဒ်ဝက်ကို အသိပေးပြီးသားပါ။

အခုအချိန်က သူအလုပ်လုပ်ရမယ့်အချိန်ပါ။ အခု အလုပ်လုပ်ပြီး သြဂုတ်လကျရင် သူအားလပ်ရက်ပြန်ယူပါလိမ့်မယ်။ ကျွန်တော်ကတော့ သြဂုတ်လမှာ အလုပ်ပြန်စပါမယ်။

တစ်လလောက် ဘောလုံးကိုဂရုမစိုက်ပဲ နေမှာပါ။ ပြီးခဲ့တဲ့ရာသီအတွက်တော့ တကယ်ကို ပျော်ပါတယ်' ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ယခုနှစ်နွေရာသီတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့တော့မည်ဆိုသည့် သတင်းများကို အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်းဘက်ကတော့ ငြင်းဆန်ထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required