၀န်ထမ်းတွေကို အလုပ်ထဲ ကြောင်တွေခေါ်လာခွင့်ပြုထားတဲ့ ဂျပန်ကုမ္ပဏီ

၀န်ထမ်းတွေကို အလုပ်ထဲ ကြောင်တွေခေါ်လာခွင့်ပြုထားတဲ့ ဂျပန်ကုမ္ပဏီ

မေ ၂၇ ။           ။ ဂျပန် ကုမ္ပဏီတစ်ခုကတော့ ထူးထူးခြားခြားပဲ ယင်းရဲ့ဝန်ထမ်းတွေကို အလုပ်ထဲမှာ ကြောင်တွေ ခေါ်လာခွင့် ပြုထားပေးတယ်လို့ သိရပါတယ်။

မိမိတို့ ဝန်ထမ်းတွေကို စိတ်ဖိစီးမှုတွေကနေ ကင်းဝေးစေဖို့၊ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်စေနိုင်အောင်လို့ ယခုလို အိမ်မွေးတိရိစ္ဆာန်တွေကိုပါ ရုံးမှာအတူ ရှိနေစေတာဖြစ်တယ်လို့ ဂျပန်နိုင်ငံက Ferray အမည်ရ အင်တာနက်ဆက်စပ်ကုမ္ပဏီတစ်ခုရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

" ကျွန်တော်တို့ ရုံးမှာ ဝန်ထမ်းတွေရဲ့  ကြောင်တွေပါ ရှိနေစေမယ့် စနစ်ကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ်၊ ဝန်ထမ်းတွေအနေနဲ့ ရုံးလာတဲ့အခါ သူတု့ိအိမ်မွေးကြောင်တွေကိုပါ တစ်ပါတည်း ခေါ်လာလို့ ရပါတယ်၊ တစ်ခါတစ်ခါကျတော့လည်း ဖုန်းပြောနေရင်း တယ်လီဖုန်းပေါ် ကြောင်ဖြတ်ပြေးသွားလို့ ဖုန်းကျသွားတာမျိုး၊ ကွန်ပြူတာကီးကွက်တွေအပေါ် ဖြတ်သွားလို့ ကွန်ပြူတာ ပိတ်သွားတာမျိုးလည်း ကြုံရတတ်ပါတယ်" လို့ Ferray ကုမ္ပဏီရဲ့ အကြီးအကဲ ဟိုင်ဒန်နိုဘူ ဖူကူဒါက ပြောပါတယ်။

" ရုံးမှာ ခုလို ကြောင်တွေ ကျွန်မတို့နဲ့အတူ ရှိနေတာ ကောင်းတယ်လို့ မြင်ပါတယ်၊ သူတို့လေးတွေက လူတွေရဲ့ စိတ်ကို အေးချမ်းစေတယ်လေ၊ ကျွန်မတို့ ပင်ပန်းတဲ့အခါမျိုးမှာ သူတို့လေးတွေ ရှိနေတာ အဆင်ပြေလှပါတယ်" လို့ ယင်းကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အီရီ အီတိုကတော့ ပြောဆိုသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required