အိုင်အက်စ်ကို ပစ်မှတ်ထားလုပ်ဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားတွေ ထိခိုက်စေခြင်းမရှိဖို့ ကုလ တိုက်တွန်း

အိုင်အက်စ်ကို ပစ်မှတ်ထားလုပ်ဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားတွေ ထိခိုက်စေခြင်းမရှိဖို့ ကုလ တိုက်တွန်း

ဂျီနီဗာ၊ မေ ၂၇ ။            ။ အိုင်အက်စ် အကြမ်းဖက်အုပ်စုအပေါ် လေကြောင်းတိုက်ခိုက်မှုတွေဆင်နွှဲနေတဲ့ သက်ဆိုင်ရာ နိုင်ငံအားလုံးအနေနဲ့ ယင်းတို့ရဲ့ စစ်ရေးပစ်မှတ်နဲ့ အပြစ်မဲ့အရပ်သားတွေကို အထူးသတိထားခွဲခြားပြီးမှ လုပ်ဆောင်ကြဖို့လိုတယ်ဆိုပြီး ကုလသမဂ္ဂအဖွဲ့ကြီးက မေလ ၂၆ ရက်မှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ကာလအတွင်း အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုင်အက်စ်မဟုတ်တဲ့ အပြစ်မဲ့ အရပ်သားဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ယခုလို ကုလသမဂ္ဂက သက်ဆိုင်ရာနိုင်ငံတွေကို သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အစ္စလမ္မစ်နိုင်ငံတော် အကြမ်းဖက်အုပ်စုအပေါ် လေကြောင်းစီးနင်းတိုက်ခိုက်မှုတွေအတွင်း အပြစ်မဲ့အရပ်သားပေါင်း ရာနှင့်ချီ သေဆုံးထားခဲ့ရပြီ   ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှာတော့ ညွှန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုက ဆီးရီးယား အရှေ့ခြမ်းက မေယာဒင်းမြို့ က လူနေအဆောက်အအုံတွေပေါ် ကျရောက်ခဲ့တာကြောင့် အရပ်သား ၃၅ ဦးသေဆုံးခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။

ဒါကြောင့်လက်ရှိအခြေအနေမှာ အိုင်အက်စ်ကို လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲနေတဲ့ နိုင်ငံတွေအနေနဲ့ အရပ်သားတွေနဲ့ စစ်ရေးပစ်မှတ်တွေကို အထူးသတိထားခွဲခြားပြီးမှ လုပ်ဆောင်ကြဖို့အရေး ကုလ လူ့အခွင့်အရေးအကြီးအကဲ ဇာအိဒ် ရက်ဒ် အယ်လ် ဟူစိန်က တိုက်တွန်းသွားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required