မိုနာကိုကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို မန်စီးတီးခေါ်ယူစာချုပ်

မိုနာကိုကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို မန်စီးတီးခေါ်ယူစာချုပ်

မေ ၂၇၊ မန်ချက်စတာ။                 ။ မန်ချက်စတာစီးတီးအသင်းသည် ယခုနှစ်ဘောလုံးရာသီအပြီး တစ်ပတ်အတွင်း မိုနာကိုကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ပြောင်းရွှေ့ကြေးပေါင် ၄၃သန်းဖြင့် ခေါ်ယူစာချုပ်ခဲ့သည်။

အသက် ၂၂နှစ်အရွယ် ပေါ်တူဂီကစားသမား ဘာနာဒိုဆေးလ်ဗားမှာ မန်စီးတီးအသင်းနှင့် ဆေးစစ်မှုအောင်မြင်ပြီးနောက် ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်ဟု မန်စီးတီးအသင်းက တရားဝင်သတင်းထုတ်ပြန် ခဲ့သည်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာမှာ ဘာနာဒိုဆေးဗားလ်ကိုခေါ်ယူခဲ့ပြီးနောက် ဒုတိယမြောက်ခေါ်ယူမှုအဖြစ် မိုနာကိုဘယ်နောက်ခံလူ မန်ဒီကို ထပ်မံခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်။

ဘာနာဒိုဆေးဗားလ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ မိုနာကိုသို့ပြောင်းရွှေ့လာသူဖြစ်ပြီး မိုနာကိုအသင်းအတွက် နှစ်ရာသီအတွင်း ၈၅ပွဲကစားကာ ၂၂ဂိုးသွင်းယူနိုင်ခဲ့သည်။

ဘာနာဒိုဆေးလ်ဗားမှာ ၂၀၁၅ခုနှစ်တွင် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်အရွေးခံခဲ့ရပြီး ၁၂ပွဲကစားထားကာ သွင်းဂိုး ၁ဂိုး ရရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required