မဘသအဖွဲ့ အမည်ပြောင်းလဲမည်

မဘသအဖွဲ့ အမည်ပြောင်းလဲမည်

မေလ ၂၇ ။           ။ အမျိူးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (မဘသ)ကို အမည်ပြောင်းလဲရန် ဆွေးနွေးနေပြီး မေလ(၂၈)တွင် ပြောင်းလဲမည့်အမည်ကို တရားဝင်ထုတ်ပြန်ပေးမည်ဟု မဘသဗဟို ဦးဆောင်ဆရာတော် ဒေါက်တာအရှင်သောပါကက မဇ္ဈိမကို ယနေ့မိန့်ကြားသည်။ ဗုဒ္ဓဓမ္မ ပရဟိတအသင်း သို့မဟုတ်"ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း" ဟု အမည်ပြောင်းလဲမည်ဖြစ်ပြီး ယနေ့ဆွေးနွေးဆုံးဖြတ်ကာ မေလ(၂၈)ရက်တွင် ထုတ်ပြန်သွားမည်ဟုသိရသည်။ လိုဂိုပြောင်း မပြောင်းကိုလည်း ဆွေးနွေးနေဆဲဖြစ်ကြောင်း မိန့်ကြားသည်။

“အမည်ပြောင်းလဲမည်ဖြစ်သော်လည်း လုပ်ငန်းစဉ်နှင့်မူဝါဒများပြောင်းလဲဖွယ်မရှိကြောင်း ဒေါက်တာအရှင်သောပါကက မိန့်ကြားသည်။

မဘသအမည်ဖြင့် ပြုလုပ်ထားသော ဖေ့ဘုတ်စာမျက်နှာတစ်ခုတွင် “အသင်းအဖွဲ့နှင့်ဆိုင်ရာ ဥပဒေအရ မဘသအဖွဲ့ကို ဖျက်သိမ်းခွင့် မရှိကြောင်း၊ သံဃာအချင်းချင်း၊လူအချင်းချင်းပါ မကွဲပြားစေလိုသော   မျှော်မှန်းချက်ဖြင့် မဘသဆရာတော်ဘုရားကြီးများကမဟနအမိန့်အတိုင်း မဘသအမည်ကို ပယ်ဖျက်ပြီး အမည်ပြောင်းလဲခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

နဂိုမူလဆိုင်းဘုတ်နေရာများတွင် အဖွဲ့အမည်သစ်ကို တပြိုင်တည်းစိုက်ထူသွားမည်ဖြစ်ကြောင်း ၊ဥပဒေကြောင်းအရ မဟန၏အမိန့်ကို သံဃာ့သာမဂ္ဂီအရပါ လိမ်မာပါးနပ်စွာဖြင့် ရှေ့ခရီးကို ဆက်လက်လျှောက်လှမ်းကြမည် ကြောင်းဖေါ်ပြထားသည်။

မဘသဗဟို ဦးဆောင်ဆရာတော်တစ်ပါးကမူ မဘသအမည် ပြောင်းလဲမည်ဆိုခြင်းမှာ ဟုတ်မှန်သော်လည်း အဆိုပါ ဖေ့ဘုတ်စာမျက်နှာမှာ မဘသ၏ တရာဝင် ဖေ့ဘုတ်စာမျက်နှာ မဟုတ်ကြောင်း မိန့်ကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly