ဗင်နီဇွဲလား စစ်စခန်းသို့ ချီတက်သည့် ဆန္ဒပြသူများကို ရဲက မျက်ရည်ယိုဗုံး၊ ရေအမြှောက်များဖြင့် တားဆီး

ဗင်နီဇွဲလား စစ်စခန်းသို့ ချီတက်သည့် ဆန္ဒပြသူများကို ရဲက မျက်ရည်ယိုဗုံး၊ ရေအမြှောက်များဖြင့် တားဆီး

ကရာကတ်စ်၊ မေ ၂၇ ။              ။ ဗင်နီဇွဲလားနိုင်ငံအတွင်း နှစ်လနီးပါးကြာ  ဖြစ်ပွားသည့် မတည်ငြိမ်မှုများ၏ နောက်ဆုံးဆူပူအုံကြွမှုအဖြစ် အစိုးရဆန့်ကျင်ဆန္ဒပြသူများက အဓိကစစ်အခြေစိုက်စခန်းသို့ ချီတက်ခြင်းကို အဓိကရုဏ်းနှိမ်နင်းရေးရဲများက မျက်ရည်ယိုဗုံးများ၊ ရေအမြှောက်များဖြင့် တားဆီးနှိမ်နင်းသည်။

အတိုက်အခံများက ဆိုရှယ်လစ်သမ္မတ မာဒူရိုအစိုးရ၏ အဓိကထောက်တိုင်ဖြစ်သော လက်နက်ကိုင်တပ်ဖွဲ့များ၏ ထောက်ခံမှုရရန် ကြိုးစားလျက်ရှိသည်။ အတိုက်အခံများက  ရွေးကောက်ပွဲ  စောလျင်စွာ ကျင်းပပေးရန် တောင်းဆိုနေခြင်းအား သမ္မတမာဒူရိုက တင်းခံလျက်ရှိနေသည်။

ကာကွယ်ရေးဝန်ကြီးဌာန ရုံးစိုက်ရာနှင့် ကာရာကတ်စ်ရှိ အဓိကစစ်စခန်းအနီးတွင် တည်ရှိသော Los Proceres စစ်ဝင်းသို့ ချီတက်ရန် ကြိုးစားနေသည့် ဆန္ဒပြအုပ်စုသို့ အငြိမ်းစားစစ်မှုထမ်းများ ပူးပေါင်းပါဝင်လာကြသည်။

မေ ၂၆ ရက်က ဆန္ဒပြချီတက်မှုသည် လက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်အားကိုးမပြုရန်နှင့် အာဏာရှင် ကျင့်ကြံမှုတွင် ပါဝင်ခြင်းမပြုရန် တောင်းဆိုရေးအတွက် ရည်ရွယ်ချီတက်ခြင်း   ဖြစ်ကြောင်း လွှတ်တော်ဒုတိယဥက္ကဌဖြစ်သူ အတိုက်အခံခေါင်းဆောင် ဖရက်ဒီဂါဗာရာက ပြောသည်။

မာဒူရို၏ လုပ်ဆောင်မှုများသည် ဗင်နီဇွဲလား ဒီမိုကရေစီကို ထာဝရချုပ်ငြိမ်းစေလိမ့်မည်ဆိုလျက် ဖွဲ့စည်းပုံသစ်မူကြမ်းရေးဆွဲရေးတွင် စစ်တပ်က တာဝန်ခံရန် ၎င်းက တိုက်တွန်းလိုက်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required