မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းထုတ်ပြန်

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းထုတ်ပြန်
တရုတ်ခြေစမ်းခရီးတွင် တွေ့မြင်ရသည့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း။

မေ ၂၆ ။                      ။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်ရန် အတွက် ပဏာမလူစာရင်း ယနေ့မေလ ၂၆ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် အသင်း၏ ပဏာမ ကစားသမားစာရင်းမှာ (ဂိုး) မြဖူးငုံ (Sport & Education)၊ မေဇင်နွယ် (မြဝတီ)၊ဇာဇာမြင့် (ISPE)၊ မျိုးမြမြငြိမ်း (သစ္စာအားမာန် (နောက်တန်း)၊ ခင်သန်းေ၀ (မြဝတီ)၊စန်းစန်းမော် (သစ္စာအားမာန်)၊ ဝေဝေအောင် (Sport & Education)၊ဖူးပွင့်ခိုင် ( သစ္စာအားမာန်)၊ ဇင်မာထွေး (သစ္စာအားမာန်)၊ ငယ်ငယ်ထွေး(သစ္စာအားမာန်)၊ ဇင်မာထွန်း (မြဝတီ)၊ အိရတနာဖြိုး (ISPE)၊ လဲ့လဲ့လှိုင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)(အလယ်တန်း)၊ ခင်မာလာထွန်း (Sport & Education)၊ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ မေစံပယ်ဖူး (ဂန္ဓမာ)၊ ရူပါခိုင် (မြဝတီ)၊ သန်းသန်းထွေး (ဇွဲကပင်)၊ သန္တာမိုး (သစ္စာအားမာန်)၊ နော်အားလိုဝါးဖော (သစ္စာအားမာန်)(ရှေ့တန်း)၊ ရီရီဦး (Sport & Education) ၊ ခင်မိုးေ၀ (သစ္စာအားမာန်)၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ ဝင်းသိင်္ဂ ီထွန်း (မြဝတီ)၊ နုနု(ISPE) ၊ စန်းသော်သော် (ဇွဲကပင်)တို့ ဖြစ်သည်။

လာမည့် မေလ ၂၈ ရက်နေ့မှ စတင်၍ ပဏာမ ကစားသမား ၂၇ ဦးဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly