“ချစ်လို့ ” ဆိုတဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်

“ချစ်လို့ ” ဆိုတဲ့ အဆိုတော် အိုင်းရင်းဇင်မာမြင့်

ရန်ကုန် ၊ မေ ၂၆။              ။ ၂ နှစ်ကျော်ကြာ အချိန်ယူပြင်ဆင်ထားပြီးနောက် အဆိုတော် အိုင်းရင်းဇင်မာမြင့်က  “ချစ်လို့ ” ဟု ယနေ့ မေလ ၂၆ ရက်တွင် ပြောလာသည်။

အဆိုတော် အိုင်းရင်းဇင်မာမြင့်၏ “ချစ်လို့ ” မြူးဇစ်ဗီဒီယိုအခွေ ထွက်ရှိမည့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို မေလ ၂၆ရက် တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

“ချစ်လို့ ” ဟု အမည်ပေးထားသည့် မြူးဇစ်ဗီဒီယိုအခွေကို ဇွန်လ ၁ ရက်တွင် The Sun Music Production မှ ဖြန့်ချိသွားမည် ဖြစ်ပြီး Audio CD ကို ၂ဝ၁၄ ခုနှစ် ၊ ဒီဇင်ဘာလတွင် ထွက်ရှိခြင်း ဖြစ်သည်။

အဆိုတော် အိုင်းရင်းဇင်မာမြင့် က " ဒီ မြူးဇစ်ဗီဒီယိုက ၂နှစ်ကျော် လောက် ကြာသွားတယ်။ ဒီအထဲ မှာ သရုပ်ဆောင်တွေလည်း အများကြီးပါတယ်။ အိုင်းရင်း ကိုယ်တိုင်လည်း ပါဝင် သရုပ်ဆောင် ထားတယ်။ အမှန်ဆို ဒီအခွေကို မထွက်သေးဘဲ နေမလို့ပဲ ။ ဒါပေမယ့် ပရိသတ်တွေ အတွက် အိုင်းရင်း ထွက်ဖြစ်ခဲ့တာပါ" ဟု ပြောသည်။

ထိုတေးအယ်ဘမ်တွင် တေးသီချင်း   ပုဒ် ပါဝင်ပြီး တေးရေးများ အဖြစ် မြင့်မိုးအောင် ၊ ရွှေဂျော်ဂျော် ၊ စောဝင်းလွင် ၊ စံပီး ၊ ဒိုးတု ၊ ကောင်းကောင်း ၊ Leo bo bo ၊ ဂျေဂျူး ၊ ဂျူ နို ၊ ဂန်ဒီး ၊ ဩနေသိမ် တို့က ရေးသားပေးထားသည်။

သရုပ်ဆောင်များ အဖြစ် ခင်လှိုင် ၊ ဆန်းထွဋ် ၊ ကောင်းကောင်း ၊ Leo bo bo ၊ Ricky ၊ အံ့မော်ဦး ၊ ဆက်နိုင် ၊ အောင်ဝင်းထွန်း ၊ နောနော် ၊ ကျော်သက်ဝေ ၊ မီမီ ၊ အေးမြတ်သူ ၊ ဇင်မင်း ၊ အိုင်းရင်း ဇင်မာမြင့် ၊ သက်ထားဝေဇင် ၊ ဂျာဆိုင်းအိမ် ၊ ယွန်းသီရိလှိုင် ၊ မိုးပွင့်ဖြူ  ၊ ဝတ်ရည်ထက် တို့က ပါဝင် သရုပ်ဆောင်ထားကြသည်။ ဒါရိုက်တာများ အနေဖြင့် မောင်ဇော်သစ် ၊ ဇော်ကိုကို ၊ ဖရက်ဒီ ခင်လှိုင်(ဉာဏ်ကြီးရှင်) ၊ ဆန်းထွဋ် ၊ အိမ်ဇော်အောင် ၊ မောင်ရွှေ ၊ ကျော်သူမင်းနိုင် တို့က ရိုက်ကူးပေးထားသည်။

ထိုတေးအယ်ဘမ်ပရိုမိုးရှင်းပွဲကို ဇွန်လ ၆ရက်တွင် ရန်ကုန်မြို့ရှိ Junction City ၌ ညနေ ၄နာရီ မှ ၈နာရီ အထိ ကျင်းပ ပြုလုပ်သွာ မည်ဖြစ်ပြီး အဆိုတော် အိုင်းရင်းဇင်မာမြင့် မှ တေးသီချင်းများ ဖြင့် ဖျော်ဖြေ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly