မီးအိမ်ရှင် ကလေးပန်းချီပြပွဲ မန္တလေးတွင် ပြုလုပ်

မီးအိမ်ရှင် ကလေးပန်းချီပြပွဲ မန္တလေးတွင် ပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ မေလ ၂၆ ။              ။ မီးအိမ်ရှင်အမည်ဖြင့် ကလေးပန်းချီပြပွဲကို မေလ ၂၆ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့၊ ၇၀လမ်းနှင့်၇၁လမ်းကြား၊၂၆လမ်းနှင့်၂၇လမ်းကြားရှိ Jefferson Center (အမေရိကန်သံရုံး)တွင် ပြုလုပ်ခဲ့သည်။

အဆိုပါပန်းချီပြပွဲကို နှစ်ရက်ကြာပြသသွားမှာဖြစ်ပြီး ကလေးပန်းချီဆရာ ၆၅ ဦးရေးဆွဲထားသည့် ပန်းချီးကားပေါင်း ၁၃၃ကားကိုပြသထားသည်။

ကလေးပန်းချီ နည်းပြ ဒေါ်နန္ဒာမင်း(မီးအိမ်ရှင်)က "ကလေးတွေသိမှုကို ဖွင့်ပြီး သင်ပေးတယ်။ သမာရိုးကျကနေ ခွဲထွက်ထားတယ်။ သူတို့ စိတ်ကူးကိုပဲ အဓိကလုပ်ခိုင်းတယ်။ နောက်ထပ်လည်း ပြပွဲတွေ လုပ်ပေးသွားမယ်"ဟုပြောသည်။

မီအိမ်ရှင် ပန်းချီသင်တန်းကို ၂၀ ၀၅ခုနှစ်က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ခုနှစ်အထိ ကလေးပန်းချီပညာရှင် ၆၀၀ ဦးခန့် မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ဒေါ်နန္ဒာမင်း(မီးအိမ်ရှင်)ကပြောသည်။

ယခင် ကလေးပန်းချီပြပွဲများကို သင်တန်းတည်ရှိရာ ၃၁လမ်းနှင့်၃၂လမ်းကြား၊၈၅လမ်းနှင့်၈၆လမ်း တွင်သာပြုလုပ်ခဲ့ပြီး ယခုနှစ်ပြပွဲမှစတင်၍ Jefferson Center (အမေရိကန် သံရုံး)တွင် ပြသခဲ့ခြင်းဖြစ်သည်။

ယခုပြသထားသည့် ပန်းချီကားများမှာ မီးအိမ်ရှင် နွေရာသီ ပန်းချီသင်တန်းမှကလေးများရေးဆွဲထား ပန်းချီကားများဖြစ်သည်ဟု ဒေါ်နန္ဒာမင်း(မီးအိမ်ရှင်)ကဆိုသည်။

"ဒီနှစ် နွေရာသီ သင်တန်းပြီးတဲ့ ကလေးတွေရဲ့ ပန်းချီလက်ရာတွေပြထားပါတယ်"ဟု ဒေါ်နန္ဒာမင်း(မီးအိမ်ရှင်)က ပြောသည်။

ပန်းချီပြပွဲတွင် ပါဝင်ပြသထားသည့် မနန်းခင်ခင်သီရိ မိခင် ဒေါ်ခင်နှင်းနွေက"ကလေးတွေရဲ့ အသိဉာဏ်ပိုပွင့်လာတယ်လို့မြင်တယ်။သူတို့ဝါသနာပါသလောက်ထိ ပံ့ပိုးပေးမှာပါ။အခုလို ကိုယ့်သမီးရဲ့ပန်းချီးကားလေးကို ကြည့်ပြီး ပီတိဖြစ်ရတယ်"ဟု ပြောသည်။

မီးအိမ်ရှင် ကလေးပန်းချီသင်တန်းမှ ကလေးပန်းချီပညာရှင်များ ဆက်လက်မွေးထုတ်ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required