ဇွန်လမှ သြဂုတ်လထိ ရေကြီးမှုကြောင့် လယ်ဧက ၈သိန်းခွဲရေမြုပ်ပြီး ဧက ၄၄,၀၀၀ကျော်ပျက်စီး

ဇွန်လမှ သြဂုတ်လထိ ရေကြီးမှုကြောင့် လယ်ဧက ၈သိန်းခွဲရေမြုပ်ပြီး ဧက ၄၄,၀၀၀ကျော်ပျက်စီး

မြန်မာနိုင်ငံ အနှံ့အပြားတွင် ဇွန်လမှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် လယ်ယာများ ရေမြုပ်ခဲ့ရသည်။ ယင်းသို့ရေနစ်မြုပ်ရာတွင် လယ်ဧက ၈၅၆,၈၃၅  ရေနစ်မြုပ်ကာ ဧက ၄၄,၂၁၈ ပျက်စီးခဲ့ရသည်ဟု လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနက သြဂုတ် ၁ရက်က ထုတ်ပြန်လိုက်သည်။ 

ရေနစ်မြုပ်သည့် လယ်ဧက အများဆုံး ဒေသသည် ရခိုပြည်နယ်ဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဧက ၂၆၀,၅၀၄ နစ်မြုပ်ကာ ၂၉၁၅ဧက ပြန်ပေါ်ခဲ့ပြီး ထိခိုက်မှုမှာ ဧက ၄၇,၀၀၀ကျော်ရှိပြီး ၁၄၄၀ဧက ပျက်စီးဆုံးရှုံးခဲ့သည်။ စစ်ကိုင်းတိုင်းမှာမူ ဧကပေါင်း ၁၄၄,၃၄၇ဧက ရေနစ်မြုပ်ခဲ့ပြီး ဧက ၃၃,၁၉၅ ဆုံးရှုံးခဲ့သည်။ 

ရေနစ်မြုပ်မှု ဒုတိယအကြီးဆုံးသည် ပဲခူးတိုင်းတွင် ရနစ်မြုပ်သည့် ဧကပေါင်း ၂၁၇,၁၂၄ဧက ရေနစ်မြုပ်ကာ ၁၃၂၇ဧက ပျက်စီးခဲ့သည်။ ဧရာဝတီတိုင်းတွင်မူ လယ်ဧက ၈၀,၂၃၄ ရေနစ်မြုပ်ကာ ဧက ၁၈၀ ပျက်စီးခဲ့သည်။ မကွေးတိုင်းတွင် ရေနစ်မြုပ်သည့်ဧက ၆၇,၂၄၁ ရှိပြီး ထိခိုက်မှု ၆၇,၂၁၄ရှိကာ ပျက်စီးမှု မရှိဟု ထုတ်ပြန်ထားသည်။ 

မန္တလေးတိုင်းတွင် ရေနစ်မြုပ်မှု ၃.၃၅၈ရှိပြီး ပျက်စီးမှု ၉ဧက ရှိကာ မွန်ပြည်နယ်တွင် ၈,၅၅၃ဧက ရေနစ်မြုပ်ပြီး ကရင်ပြည်နယ်တွင် ၁,၁၃၂ဧက နစ်မြုပ်ကာ ပျက်စီးမှု မရှိပေ။ ရှမ်းပြည်နယ်တွင်မူ ဧက ၉,၀၉၈ ရေမြုပ်ပြီး ပျက်စီးမှု ၂၅၉ဧက ရှိခဲ့သည်။ 

လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းတွင် ၁၇ဧက ပြန်လည်စိုက်ပျိုးနေပြီး ရှမ်းပြည်နယ်တွင် ၅၅ဧက ပြန်စိုက်ပျိုးလျက်ရှိသည်။ ကျန် ဒေသများတွင်မူ ပြန်လည်စိုက်ပျိုးမှု မတွေ့ရသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required