ဟားခါးတွင် ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်ထားရ

ဟားခါးတွင် ကယ်ဆယ်ရေးစခန်း ခြောက်ခုဖွင့်ထားရ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ရုန်းတောင်မှု မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၆ခုထိ ဖွင့်ထားရသည်ဟု သိရသည်။

မြေပြိုမှုများဖြစ်ပွားခဲ့သည့် တောင်လှန်ရေးကန်အတွင်း ရွှံ့စေးရေများ စီးဆင်းခြင်းကြောင့် သဘာဝဘေးအန္တရာယ် အများဆုံး ကျရောက်နိုင်သည့် ဈေးဟောင်းရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်နှင့်ပြည်တော်သာရပ်ကွက်(၃) ရပ်ကွက်မှ ဒေသခံပြည်သူများအား အန္တရာယ်ကင်းလွတ်ရာ မြို့သစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် သင့်တော်သည့်အဆောက်အဦများတွင် ကယ်ဆယ် ရေးစခန်း(၆)ခုဖွင့်လှစ်ထားရှိကာ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

သဘာဝဘေးဒဏ်သင့် ဒုက္ခသည်များအား ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းအပါအဝင် အစိုးရအဖွဲ့က နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး အခြေအနေများ ကြည့်ရှုစစ်ဆေးပေးနေပြိး ဆန်အိတ် ၅၀၀ကို စခန်းအလိုက် သိုလှောင်ပေးခြင်း၊ ဒိန်းဒီးသောက်ရေသန့်ကုမ္ပဏီက သောက်ရေသန့်ဗူးများ ဖြန့်ဝေခြင်း၊ စေတနာရှင်များက စားသောက်ဖွယ်ရာများ လာရောက် လှူဒါန်းကြသည်။

ဟားခါးမြို့ ကယ်ဆယ်ရေးစခန်း ခြောက်ခုတွင် သြဂုတ် ၁ရက်အထိ အိမ်ထောင်စု ၁၀၄၈စု၊ လူဦးရေ ၂၆၆၆ဦး ရှိသည်။

Soruce: ချင်းပြည်နယ် ပြန်/ဆက်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags