ဖိလစ်ပိုင်တောင်ပိုင်းမြို့ကို သိမ်းပိုက်ထားသည့် အစ္စလာမ်မစ်စစ်သွေးကြွများက ဒေသရဲအကြီးအကဲအား ခေါင်းဖြတ်သတ်

ဖိလစ်ပိုင်တောင်ပိုင်းမြို့ကို သိမ်းပိုက်ထားသည့် အစ္စလာမ်မစ်စစ်သွေးကြွများက ဒေသရဲအကြီးအကဲအား ခေါင်းဖြတ်သတ်

မနီလာ၊ မေ ၂၄ ။            ။ အစ္စလာမ်မစ်စစ်သွေးကြွများ စီးနင်းထားသော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမြို့တစ်မြို့တွင် ဒေသရဲအကြီးအကဲအား ၎င်းစစ်သွေးကြွအုပ်စုက ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း သမ္မတဒူတာတေးက မေ ၂၄ ရက်တွင် ပြောသည်။

အစ္စလာမ်မစ်စစ်သွေးကြွများ သိမ်းပိုက်မှုအောက် ရောက်ရှိနေသည့် တောင်ပိုင်း မာရာဝီမြို့အနီး ယင်းသတ်ဖြတ်မှု ဖြစ်ပွားခြင်းဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံတောင်ပိုင်း သုံးပုံတစ်ပုံကို လွှမ်းခြုံကာ မာရှယ်လော ထုတ်ထားရပြီလည်းဖြစ်သည်။

"မာလာဘန်ဒေသ ရဲချုပ်ဟာ အိမ်ပြန်လမ်းမှာ အစွန်းရောက်တွေ ထိန်းချုပ်တဲ့ စစ်ဆေးဂိတ်မှာ ရပ်တန့်ခံရပြီး နောက်တော့ ခေါင်းဖြတ်အသတ်ခံရတာလို့ ကျုပ် ယူဆတယ်။"ဟု သတင်းစာရှင်းလင်းပွဲတွင် ဒူတာတေးက ပြောသည်။

ဓားစာခံပြန်ပေးဆွဲမှုများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသော အဘူဆေယက်စ်အစွန်းရောက်အဖွဲ့၏ အကြီးအကဲ၊ ဖိလစ်ပိုင်အိုင်အက်စ်ခေါင်းဆောင် ဟတ်ပီလွန် ရှိနေသည်ယူဆသော အိမ်တစ်အိမ်ကို ဖိလစ်ပိုင်လုံခြုံရေးတပ်များ မေ ၂၃ ရက်က စီးနင်းရာမှ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အမေရိကန်နိုင်ငံက ဟတ်ပီလွန်အား ကမ္ဘာ့အန္တရာယ်အရှိဆုံးအစွန်းရောက်တစ်ဦးအဖြစ် သတ်မှတ်ထားကာ ဆုကြေး အမေရိကန်ဒေါ်လာ ငါးသန်း ထုတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags