မုန်တိုင်းဖြစ်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်သတိပေး

မုန်တိုင်းဖြစ်နိုင်တယ်လို့ ဒေါက်တာထွန်းလွင်သတိပေး

မေလ ၂၄ရက် မှ ဇွန်လ ၆ရက်အတွင်း မုတ်သုံလေဝင်ရောက်ခြင်းနှင့်အတူ မြန်မာ့ရေပိုင်နက်အတွင်း မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

" မြန်မာ့ရေပြင်ပေါ်မှာ မုန်တိုင်းဖြစ်ပေါ်ခြင်းနဲ့အတူ အနောက်တောင်မုတ်သုံလေဦးကလည်း မြစ်ဝကျွန်းပေါ်ဒေသ နဲ့ ရခိုင်ကမ်းရိုးတန်းဒေသကို ဝင်ရောက်လာပါလိမ့်မယ်။   မေလနောက်ဆုံးပတ်တွင်   မြစ်ဝကျွန်းပေါ်ဒေသများသို့ မုတ်သုံလေဝင်ရောက်ပြီး၊ ဇွန်လဆန်းတွင် အနောက်တောင်မုတ်သုံလေ ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။ လာမယ့်ရက်တွေမှာတော့  ကမ်းရိုးတန်းဒေသတွေနဲ့ မြန်မာ့ပင်လယ်ရေပြင်မှာ မိုးတွေ၊ လေတွေ၊ လှိုင်းတွေကို သတိထားရပါလိမ့်မယ်" လို့ ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

အနောက်တောင်မုတ်သုံလေသည် ရခိုင်ကမ်းရိုးတန်းဒေသသို့ ဆက်လက်ဝင်ရောက်စဉ် အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားပင်လယ်အော် နှင့် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required