နေအိမ်ခြံဝန်းအတွင်းမှ ကားအပြည့်သစ်များနှင့် သစ်ပိုင်ရှင်အား စစ်ကိုင်းတွင်ဖမ်းဆီးရမိ

နေအိမ်ခြံဝန်းအတွင်းမှ ကားအပြည့်သစ်များနှင့် သစ်ပိုင်ရှင်အား စစ်ကိုင်းတွင်ဖမ်းဆီးရမိ
ဓာတ်ပုံ - သစ်တောဦးစီးဌာန

ရန်ကုန်၊ မေလ ၂၄ ။             ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကောလင်းမြို့နယ်ရှိ နေအိမ်ခြံဝင်းအတွင်းမှ ကျွန်း၊ သစ်ရာ၊ အင်ခွဲသားများ တင်ဆောင်ထားသော ၆ ဘီးကားတစ်စီးနှင့်အတူ သစ်ပိုင်ရှင်အား ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

ကောလင်းမြို့နယ် ဦးစီးအရာရှိခေါင်းဆောင်သော သစ်တောဦးစီးဌာနဝန်ထမ်းများနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မေလ ၂၂ရက်က တရားမဝင် သစ်ခိုးယူထုတ်လုပ်နေမှုများနှင့် ရောင်းဝယ်မှုများအား ရှာဖွေဖမ်းဆီးနေရာ အဆိုပါ သစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

တုန်ဖုန်း ၆ ဘီးကားပေါ် တရားမဝင်တင်ဆောင်ထားသော ကျွန်း၊ သစ်ရာ၊ အင်ခွဲသား ၅ တန်ကျော်အား သစ်ပိုင်ရှင်နှင့်အတူ ကောလင်းမြို့နယ်၊ ရွှေတွင်းရွာ၊ ဦးသန်းထိုင်အိမ်ဝင်းအတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ သစ်များနှင့် အတူဖမ်းဆီးရမိခဲ့သည့် သစ်ပိုင်ရှင်အား ကောလင်းမြို့နယ်ရဲစခန်းတွင် ပ- ပ- က ၆(၁)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required