မန်ချက်စတာဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဒုက္ခရောက်ခဲ့သူများအတွက် တိုရေးကူညီ

မန်ချက်စတာဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဒုက္ခရောက်ခဲ့သူများအတွက် တိုရေးကူညီ

မေ ၂၄၊ မန်ချက်စတာ။              ။ မန်ချက်စတာမြို့တွင် မေလ ၂၃ ရက်က ပေါ့ပ်ဂီတပွဲတစ်ခုတွင်အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဒုက္ခရောက်ခဲ့သူများကိုကူညီရန်အတွက်  မန်ချက်စတားစီးတီးကွင်းလယ်ကစားသမား ယာယာတိုရေးက အလှူငွေ ပေါင်တစ်သိန်းလှူဒါန်းခဲ့သည်။

အဆိုပါဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များအပါအဝင် လူ ၂၂ ဦးသေဆုံးခဲ့ပြီး ၁၁၉ဦးဒဏ်ရာရခဲ့သည်။ ယာယာတိုရေးနှင့်၎င်း၏အေးဂျင့် ဒီမီထရီတို့မှာ အဆိုပါဖြစ်ရပ်တွင် ဒုက္ခရောက်ခဲ့သူများအတွက် ပေါင် ငါးသောင်းစီထည့်ဝင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ မန်ချက်စတာအဖြစ်ဆိုးကိုကြားလိုက်ရတော့ ကျွန်တော်ရော ယာယာ ပါ တုန်လှုပ်ခဲ့ရပါတယ်။ ကျွန်တော်က ရုရှပါ။ ယာယာက အိုင်ဗရီကို့စ်ပါ။ ဒါပေမယ့် ဒီအချိန်မှာ နိုင်ငံသားဆိုတာထက်လူသားပီသဖို့က ပိုအရေးကြီးပါတယ်။ ဟု ယာယာတိုရေး၏အေးဂျင့် ဒီမီထရီက ပြောသည်။

မန်ချက်စတာဗုံးခွဲတိုက်ခိုက်ခံရမှုအတွက် မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သော မန်ချက်စတာယူနိုက်တက်နှင့် မန်ချက်စတာစီးတီးအသင်းတို့ကလည်းစာနာမှုများပြသခဲ့ပြီး ယနေ့ညယှဉ်ပြိုင်ကစားမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်မန်ချက်စတာယူနိုက်တက်ကစားသမားများအားလုံး လက်ပတ်အမည်းဝတ်ဆင်ကစားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required