ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးမှ ဆမ်အလာဒိုက်စ် နုတ်ထွက်

ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးမှ ဆမ်အလာဒိုက်စ် နုတ်ထွက်

မေ ၂၄၊ လန်ဒန်။         ။ ပရီးမီးယားလိဂ်ဘောလုံးရာသီအပြီး သုံးရက်အကြာတွင် ခရစ္စတယ်ပဲလေ့စ်နည်းပြရာထူးမှ နုတ်ထွက်ကြောင်း နည်းပြ ဆမ်အလာဒိုက်စ်က ကြေညာခဲ့သည်။

ဆမ်အလာဒိုက်စ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကို တန်းဆင်းဇုန်မှလွတ်မြောက်ရန်ကူညီပေးခဲ့ပြီး ရာသီကုန်တွင် အမှတ်ပေးဇယားအဆင့် ၁၇ နေရာ၌ရပ်တည်နိုင်ရန်စွမ်းဆောင်နိုင်ပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဒါကရိုးရှင်းပေမယ့်လွယ်ကူတဲ့ဆုံးဖြတ်ချက်မျိုးတော့မဟုတ်ခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ်မှာရှိခဲ့တဲ့ကာလက ကျွန်တော့်အတွက် တကယ့်ကိုကောင်းမွန်ခဲ့တာပါ။ နောက်ထပ်အလုပ်သစ်ရှာဖို့လည်း ဆန္ဒမရှိပါဘူး။ ကျွန်တော်ဘောလုံးလောကကနေအနားယူဖို့လည်း ဖြစ်လာနိုင်ပါတယ်။ ဟု ဆမ်အလာဒိုက်စ်ကပြောသည်။

အသက် ၆၂နှစ်အရွယ် ဆမ်အလာဒိုက်စ်မှာ ၂၀၁၆ ဒီဇင်ဘာလအတွင်းက နည်းပြ အလန်ပါဂျုးအစား ခရစ္စတယ်ပဲလေ့စ်သို့ရောက်ရှိလာပြီးနောက် အသင်းနှင့် နှစ်နှစ်ခွဲစာချုပ်ချုပ်ဆိုထားသည်။ ဆမ်အလာဒိုက်စ်မှာ နည်းပြဘဝသက်တမ်းတစ်လျှောက် အင်္ဂလန်လက်ရွေးစင်အသင်းအပါအဝင် လီမီရစ်၊ ပရက်စတန်၊ ဘလက်ပူးလ်၊ နော့ကောင်တီ၊ ဘော်တန်၊ နယူးကာဆယ်၊ ဘလက်ဘန်း၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ ခရစ္စတယ်ပဲလေ့စ် စသည့်အသင်းများတွင် နည်းပြအဖြစ်လုပ်ကိုင်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required