အာရှခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများအတွက် မြန်မာအသင်းပြင်ဆင်မှုများ ဇွန်အတွင်းစတင်မည်

အာရှခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများအတွက် မြန်မာအသင်းပြင်ဆင်မှုများ ဇွန်အတွင်းစတင်မည်

မေ ၂၄၊ ရန်ကုန်။           ။ ၂၀၁၇ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရန်ရှိနေသည့် အာရှဖလားခြေစစ်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများအတွက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလေ့ကျင့်ပြင်ဆင်မှုများကို ဇွန်လပထမအပတ်အတွင်း ပြန်လည်စတင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ဇွန်လ ၆ ရက်တွင် စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဇွန်လ ၁၃ ရက်တွင် မကာအိုအသင်းနှင့် ၂၀၁၉အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အာရှဖလားခြေစစ်ပွဲနဲ့နိုင်ငံတကာခြေစမ်းပွဲတွေအတွက် ကျွန်တော်တို့တစ်နှစ်စာအချိန်ဇယားနဲ့ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။

မကာအိုနဲ့ အဝေးကွင်းခြေစမ်းပွဲကစားဖို့အတွက် ကျွန်တော်တို့ စင်ကာပူကို ဇွန်လ ၄ ရက်ကတည်းကသွားပြီး ပြင်ဆင်လေ့ကျင့်မှာပါ။ ပြီးရင်ခြေစစ်ပွဲကစားရမယ့် မကာအိုကိုလည်း သုံးရက်ကြိုတင်သွားရောက်နေထိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကပြောသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အာရှဖလားခြေစစ်ပွဲတွင် ကာဇက်စတန်၊ အိန္ဒိယ၊ မကာအိုအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး အုပ်စုအဖွင့်ပွဲတွင် အိန္ဒိယအသင်းကို ရှုံးနိမ့်ထားသည်။ မြန်မာအသင်းမှာ ၂၀၁၇ခုနှစ်အတွင်း အာရှဖလားခြေစစ်ပွဲအဖြစ် ကာဇက်စတန်၊ အိန္ဒိယအသင်းများနှင့်ယှဉ်ပြိုင်ကစားရန်ရှိနေပြီး နိုင်ငံတကာခြေစမ်းပွဲအဖြစ် အောက်တိုဘာ ၅ ရက်တွင် ထိုင်းလက်ရွေးစင်အသင်းနှင့်ကစားရန်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly