ရှုံးထွက်ချန်ပီယံဖြစ်ရန် ရတနာပုံနည်းပြ ရီနီ ရည်မှန်းထား

ရှုံးထွက်ချန်ပီယံဖြစ်ရန် ရတနာပုံနည်းပြ ရီနီ ရည်မှန်းထား

မေ ၂၄၊ ရန်ကုန်။          ။ ၂၀၁၇မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဇယားအဆင့် ၃ နေရာတွင် ရပ်တည်နေသော ရတနာပုံအသင်းအနေဖြင့် အမှတ်ပေးချန်ပီယံဖြစ်ရန် ခက်ခဲ့သည့် အနေအထားသို့ ရောက်ရှိနေသည့် အတွက် ရှုံးထွက်ချန်ပီယံဖြစ်ရန် ရည်မှန်းထားသည်ဟု နည်းပြချုပ် ရီနီဒီဆေရီကပြောသည်။

ရတနာပုံအသင်းမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ ရှုံးထွက်အဆင့်တွင် မဟာယူနိုက်တက်အသင်းကို ငါးဂိုးပြတ်အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်ထားနိုင်သည်။ ကျွန်တော်တို့အတွက် ဒီနှစ်ဘောလုံးရာသီမှာ အဓိကပစ်မှတ်က ရှုံးထွက်ချန်ပီယံဖြစ်ဖို့ပါ။ အမှတ်ပေးချန်ပီယံ ဖြစ်ခွင့်အတွက်မျှော်လင့်ချက်ရှိနေသေးပေမယ့် ရန်ကုန်အသင်းခြေချော်ဖို့စောင့်နေရမှာပါ။ ဟု ရီနီကပြောသည်။

ရတနာပုံအသင်းသည် ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်အတွင်း ဂါနာတိုက်စစ်မှူး ပက်ထရစ်ကိုလည်း ခေါ်ယူထားပြီး ယင်းတိုက်စစ်မှူးမှာ အသင်းအတွက်အဖွင့်ပွဲတွင် ဂိုးသွင်းယူထားနိုင်သည်။ ရတနာပုံအသင်းသည် ရှုံးထွက်ပြိုင်ပွဲသမိုင်းတစ်လျှောက်ချန်ပီယံမဖြစ်ဖူးသေးပဲ အမြင့်ဆုံးအဖြစ် ၂၀၁၅ပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly