ဝါယာရှော့ဖြစ်ကာ စျေးတစ်ခုလုံးမီးလောင်မှုဖြစ်ပွား

ဝါယာရှော့ဖြစ်ကာ စျေးတစ်ခုလုံးမီးလောင်မှုဖြစ်ပွား

စစ်တွေ၊ မေ ၂၄ ရက်။         ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာအုပ်စု သဲချောင်းကျေးရွာ ဈေးအတွင်းရှိ ဆိုင်ခန်းတွင် တပ်ဆင်ထား သော မီတာဘောက်မှ ဝါယာရှော့ဖြစ်ကာ ဈေးတစ်ခုလုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့နယ် ခရိုင်ရဲရုံးက အတည်ပြုပြောသည်။

အဆိုပါမီးလောင်မှုမှာ မေလ ၂၃ ရက်၊ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် ဆိုလာပြားများရောင်းချနေသည့် နိုဒီယာ ၄၀ နှစ်၏ ဆိုင်ခန်းအတွင်းမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေရာကဈေးပါ။ ဆိုင်ခန်းကစလောင်တယ်လို့သိရတယ်။ ဘာကြောင့်လောင်တယ်ဆိုတာတော့မသိဘူး။ ဆိုင်ခန်းပေါင်း ငါးဆယ်နဲ့ တစ်ရာအကြားတော့ ပါမယ်ထင်ပါတယ်။”ဟု မီးလောင်သည့်နေရာသို့ ရောက်ရှိနေသူ ဒါးပိုင်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်ခန်းပေါင်း ၄၀ ခန်းနှင့် ဓနိမိုး၊ ဝါးထရံကာ လူနေအိမ် ၂၀ လုံးခန့်တို့မှာ လောင်ကျွမ်းသွားခဲ့ပြေီး ဆုံးရုံးမှုတန်ဖိုးကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။

ယင်းအပြင် မီးလောင်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒါဏ်ရာရရှိသူများမရှိကြောင်း အခြားမလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးများဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်း သိရသည်။

ဓါတ်ပုံ - ပြည်ချစ်/RiA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required