ဗြိတိန် အကြမ်းဖက်ခြိမ်းခြောက်မှု စိုးရိမ်ဖွယ်အဆင့်သတ်မှတ်၊ ရဲတပ်ဖွဲ့တွင် စစ်တပ်ကို အားဖြည့်

ဗြိတိန် အကြမ်းဖက်ခြိမ်းခြောက်မှု စိုးရိမ်ဖွယ်အဆင့်သတ်မှတ်၊ ရဲတပ်ဖွဲ့တွင် စစ်တပ်ကို အားဖြည့်

လန်ဒန်၊ မေ ၂၄ ။            ။ ဗြိတိန်နိုင်ငံသည် ၎င်း၏ အကြမ်းဖက်ခြိမ်းခြောက်မှုအဆင့်အား အတိမ်းစောင်းမခံသည့် အဆင့်သို့ မေ ၂၃ ရက်က တိုးမြှင့်သတ်မှတ်ထားရပြီသည်။

နောက်ထပ် တိုက်ခိုက်မှုသစ်များ ဖြစ်ပွားဖို့ အလားအလာနီးလွန်းနေသည် ယုံကြည်ရခြင်းကြောင့် ယခုကဲ့သို့ သတ်မှတ်လိုက်ကာ လက်နက်ကိုင်ရဲတပ်ဖွဲ့ကို ကျောထောက်နောက်ခံပြုရန် စစ်သားများကို အားဖြည့်ဖြန့်ကြက်ပေးနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီဆာမေက ပြောသည်။

“ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ချိတ်ဆက်တဲ့ တစ်ဦးချင်းအဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ဆိုတာ ကျွန်မတို့ မငြင်းနိုင်ဘူး။”ဟု မန်ချက်စတာတွင် အသေခံတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း ထရီဆာမေက ဆိုသည်။

မန်ချက်စတာမြို့၌ မေ ၂၃ ရက် ညက အမေရိကန်အဆိုတော် အာရီယာနာဂရန့်၏ ရှိုးပွဲတွင် အသေခံဗုံးခွဲသမားတစ်ဦး ဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် လူ ၂၂ ဦး သေဆုံးသည်။

ဒေါင်းနင်းလမ်းနေအိမ်မှ နိုင်ငံသို့ မိန့်ခွန်းပြောဆိုမှုတွင် ထရီဆာမေက အချက်အချာနေရာများတွင် ပုံမှန်ကာကွယ်ရေးတာဝန်ယူထားသည့် လက်နက်ကိုင်ရဲနေရာများတွင် Operation Temperer စစ်ဆင်ရေးအရ လက်နက်ကိုင်စစ်သားများအား အစားထိုးဖြန့်ကြက်မည်ဖြစ်ကြောင်း ပြောသည်။

“အဓိကနေရာတွေမှာ ကင်းလှည့်စောင့်ကြပ်ရတဲ့ လက်နက်ကိုင်ရဲတွေနေရာမှာ စစ်သားတွေကို အစားထိုးသွားမည်။ ဒီအတွက်ကြောင့် အဓိကနေရာတွေကို ပတ္တရောင်လှည့်တဲ့အခါ လက်နက်ကိုင်တာဝန်ရှိသူအရေအတွက် များလာမှာဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

“ကျွန်မတို့အနေနဲ့ ဖျော်ဖြေပွဲတွေ၊ အားကစားပွဲတွေ စတဲ့ ပွဲတွေ ရှိတဲ့အခါမှာလည်း ပြည်သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကို အားဖြည့်ကူညီဖို့ စစ်သားတွေကို ဖြန့်ကြက်ချထားဖို့ လုပ်နေတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required