ဂျိမ်းစ်ဘွန်းမင်းသားကြီး ဆာရော်ဂျာမိုး ကွယ်လွန်

ဂျိမ်းစ်ဘွန်းမင်းသားကြီး ဆာရော်ဂျာမိုး ကွယ်လွန်
ဓာတ်ပုံ -Sir Roger Moore

ဆာဘွဲ့ရ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရော်ဂျာမိုးဟာ ဒီနေ့ မေ ၂၃ ရက်၊ အသက် ၈၉ နှစ်မှာ သေဆုံးသွားခဲ့ပြီလို့ သူ့မိသားစုတွေက အတည်ပြုပါတယ်။

"ကင်ဆာကို သတ္တိရှိရှိ ရင်ဆိုင်တိုက်ခိုက်သွားခဲ့တယ်လို့ " သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ထားခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်မှာ ဆုံးပါးခဲ့တာပါ။

ဗြိတိသျှလျှို့ဝှက်ထောက်လှမ်းရေးအေးဂျင့် ဘွန်းအဖြစ် ၇ ကားရိုက်ကူးခဲ့သလို သူက ယူနီဆက်ဖ်ရဲ့ သံတမန်တစ်ယောက်လည်း  ဖြစ်ပါတယ်။

ရော်ဂျာမိုးကို ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်၊ လန်ဒန်မြို့မှာ မွေးဖွားခဲ့တာပါ။ တော်ဝင်အနုပညာအကယ်ဒမီမှာ ပညာသင်ကြားခဲ့ပြီး ၀၀၇ အတွက် ခေါ်ယူချိန်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်က စတင်ပြီး Moonranker  ၊ A view to Kill ၊ Live and Let Die ၊ The man with the Golden Gun ၊ Octopussy ၊ For Your Eyes Only ၊ The Spy Who love Me ၊ Bonds are Forever ဇာတ်ကားတွေကို  ၁၉၈၅ ခုနှစ်အထိ ရိုက်ကူးခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly