မုံရွာတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်

မုံရွာတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန်

မုံရွာမြို့ ချင်းတွင်းမြစ်ရေသည် ယင်းမြို့၏ စိုးရိမ် ရေအမှတ် ၁၀၀၀ စင်တီမီတာ ထက် ကျော်လွန်နေပြီး သြဂုတ် ၁ ရက် ည ၈ နာ ရီတိုင်းထွာ အချက်အရ ၁၀၉၀ စင်တီမီတာရှိကြောင်း မုံရွာမြို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ထို့ကြောင့် မုံရွာမြို့ ချင်းတွင်းမြစ် တာရိုးပေါ်တွင် ယနေ့ ည ၈ နာရီမှစ၍ တက်ရောက်ခြင်း တားမြစ်ထားကြောင်း မုံရွာမြို့ခံ ကိုအောင်ကျော်လင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required