ပိုက်ကျော်ခြင်း စစ်ကိုင်းတိုင်းလက်ရွေးစင် ရွေးချယ်မည်

ပိုက်ကျော်ခြင်း စစ်ကိုင်းတိုင်းလက်ရွေးစင် ရွေးချယ်မည်

မုံရွာ၊ မေ ၂၃ ။             ။ ခရိုင်ပေါင်းစုံပိုက်ကျော်ခြင်း ပြိုင်ပွဲမှ ခြေစွမ်းထက်သော ကစားသမားများကို စစ်ကိုင်းတိုင်းလက်ရွေးစင်အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက ပြောသည်။

ယခုလ ၂၃ ရက်မှ ၂၆ ရက်ထိ ခရိုင်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲကို မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပလျက်ရှိပြီး ပိုက်ကျော်ခြင်းအသင်း ၁၀ သင်းမှ ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

"အသင်းလိုက်ယှဉ်ပြိုင်မှု၊ သုံးယောက်တွဲ(ကျား-မ) ယှဉ်ပြိုင်မှု၊ အမျိုးသား နှစ်ယောက်တွဲယှဉ်ပြိုင်မှု ဆိုပြီး ပြိုင်ပွဲကျင်းပထားပါတယ်။ ဒီပြိုင်ပွဲကနေ ခြေစွမ်းထက်ကစားသမားတွေကို တိုင်းလက်ရွေးစင်အဖြစ် ရွေးချယ်သွားမှာပါ" ဟု အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေက ပြောသည်။

ယခုကျင်းပသော ပြိုင်ပွဲသည် ၂၀၁၇ ခုနှစ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားဖြစ်ပြီး အသက် ၂၅ နှစ်အောက် လူငယ်များဖြင့်သာ ကန့်သက်ထားသည်။

အသင်းလိုက်ယှဉ်ပြိုင်မှုတွင် ပထမဆု ၃၀၀၀၀၀၊ ဒုတိယဆု ၂၀၀၀၀၀၊ တတိယဆု ၁၀၀၀၀၀၊ သုံးယောက်တွဲ(ကျား-မ)ယှဉ်ပြိုင်မှုတွင် ပထမဆု ၁၅၀၀၀၀၊ ဒုတိယဆု ၁၀၀၀၀၀၊ တတိယဆု ၇၅၀၀၀၊ အမျိုးသားနှစ်ယောက်တွဲယှဉ်ပြိုင်မှုတွင် ပထမဆု ၁၀၀၀၀၀၊ ဒုတိယဆု ၇၅၀၀၀၊ တတိယဆု ၅၀၀၀၀ တို့အား အသီးသီးချီးမြှင့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly