ယူရိုပါလိဂ်မှာ မန်ယူရှုံးမယ်လို့ ခန့်မှန်းလိုက်တဲ့ ဟော်လန်နွား

ယူရိုပါလိဂ်မှာ မန်ယူရှုံးမယ်လို့ ခန့်မှန်းလိုက်တဲ့ ဟော်လန်နွား

မေ ၂၃၊ ဟော်လန် ။            ။ ဟော်လန်နိုင်ငံက နွားတစ်ကောင်က ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အေဂျက်ဇ်အသင်းကို မန်ယူအသင်းက ရှုံးနိမ့်မယ်လို့ ခန့်မှန်းလိုက်လို့ မန်ယူပရိသတ်တွေအတွက်တော့ နေသာခံခက်ဖြစ်ခဲ့ရပါတယ်။

Sijtje လို့ အမည်ရတဲ့ ဒီနွားဟာ နယ်နယ်ရရတော့မဟုတ်ပါဘူး။ ဟော်လန်နိုင်ငံရဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၁၁ ပါတီထဲကနေ အနိုင်ရမယ့် ပါတီကို မှန်အောင်ရွေးနိုင်ခဲ့တဲ့ နွား ဖြစ်ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက် ရွေးချယ်ပုံကတော့ မန်ယူလိုဂိုနဲ့ အေဂျက်ဇ်လိုဂိုတွေပါတဲ့ အစာခွက်နှစ်ခွက်ကို ချထားပြီး Sijtje  ကို ရွေးခိုင်းခဲ့တာပါ။ ပိုင်ရှင်က အစာခွက်နှစ်ခွက်မှာ အစာတွေထည့်ပြီးနောက် နွားခြံထဲက Sijtje ကို လွှတ်ပေးခဲ့ရာမှာ စိတ်တန်ခိုးရှင်နွားလို့ တင်စားခံရတဲ့ Sijtje ဟာ အေဂျက်ဇ်အစာခွက်ဆီကို တန်းတန်းမတ်မတ်သွားပြီး အစာတွေစားခဲ့ပါတယ်။

Sijtje ရဲ့ခန့်မှန်းမှု ဗီဒီယိုဖိုင်ကို facebook ပေါ်တင်ခဲ့ရာမှာ အချိန်ခဏအတွင်းမှာပဲ Like ၁,၁၀၀ ရရှိပြီး Share ၈၀၀ ကျော် ရှိခဲ့ပါတယ်။

အေဂျက်ဇ်နဲ့မန်ယူအသင်းတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကို မေလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ မှာ ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့က Friends Arena ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required