ချင်းတွင်းမြစ်သွားရေယာဉ်အတွင်းမှ တ​မလန်​း ရ တန်ခန့် ဖမ်​းမိ

ချင်းတွင်းမြစ်သွားရေယာဉ်အတွင်းမှ တ​မလန်​း ရ တန်ခန့် ဖမ်​းမိ

ရေစကြို၊မေ ၂၃ ။           ။ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ် ချင်းတွင်းမြစ် အတွင်း ရေယာဉ်တစ်စီး ၏ ဝမ်းအတွင်း၌ ကျောက်မီးသွေးများ ဖုံးအုပ်ကာ တရားမဝင်တင်ဆောင်လာသည့် တမလန်း ၇ တန်ခန့်အား မေလ ၂၂ ရက်နေ့၊ ညနေပိုင်းက ဖမ်းဆီးရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ဖမ်းဆီးရရှိသည့် ရေယာဉ်မှာ သံခွန်အမျိုးအစား မြစ်တွင်းသွား ရေယာဉ်ဖြစ်ပြီး သတင်းအရ ရေစကြိုမြို့နယ် ကျော်မကြားကျေးရွာ အရှေ့ဘက် ချင်းတွင်းမြစ်အတွင်း မောင်းနှင်လာစဉ် သတင်းအရ စောင့်၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ရေစကြိုမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

"ဖမ်းဆီးရှိတဲ့ သစ်တန်ရေကတော့ စစ်ဆေးဆဲဖြစ်ပါတယ်။ လောလောဆယ်ကတော့ ခန့်မှန်း သစ်တန်ရေ ၇ တန်သတ်မှတ်ထားပါတယ်"ဟု ရေစကြိုမြို့နယ် သစ်တောဦးစီးဌာနမှူးက ဆိုသည်။

ဖမ်းဆီးရမိသည့် ရေယာဉ်မှာ ချင်းတွင်းမြစ်အတွင်း အစုန်မောင်းနှင်လာခြင်းဖြစ်ပြီး ယင်းရေယာဉ်ပေါ်တွင် လူစီးကားတစ်စီး တင်ဆောင်လာခြင်းဖြစ်ပြီး အဆိုပါကားနှင့် ရေယာဉ်အားလည်း ထိန်းသိမ်းသွားမည်ဟု သိရသည်။

"ကျွန်တော်တို့ သစ်တောဦးစီးဌာနက သစ်တွေကို ထိန်းသိမ်းထားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ရေယာဉ်နဲ့ မော်တော်ကားကိုတော့ အမှုစစ်ဆေးဖို့ ရဲစခန်းကို အပ်နှံသွားမှာဖြစ်ပါတယ်"ဟု မြို့နယ်သစ်တောဦးစီးမှူး က ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါရေယာဉ် မောင်နှင်သည့်သူများအား ရေစကြိုမြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိပြီး သစ်တောဦးစီးဌာနက တရားလိုပြုလုပ်ကာ တရားစွဲသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required