မင်းသမီးကင်မ်တေးဟီးသည် ရင်သွေးလေးလွယ်ထားရပြီဟု သူမ၏ အေဂျင်စီအတည်ပြု

မင်းသမီးကင်မ်တေးဟီးသည် ရင်သွေးလေးလွယ်ထားရပြီဟု သူမ၏ အေဂျင်စီအတည်ပြု

၂၀၁၇ ဇန်နဝါရီလက လက်ထပ်ခဲ့ကြသော တောင်ကိုရီးယားမင်းသမီး ကင်မ်တေးဟီးနှင့် အဆိုတော်ရိန်းတို့ စုံတွဲသည် မကြာမီတွင် မိဘများဖြစ်လာတော့မည် ဖြစ်သည်။

မေ ၂၃ရက်နေ့တွင် ကင်မ်တေးဟီး၏ အေဂျင်စီဖြစ်သော Ruach Entertainment က “ ကင်မ်တေးဟီးဟာ အခုဆိုရင် ရင်သွေးလေး လွယ်ထားရတာ ၁၅ပတ်ခန့်ရှိပြီဖြစ်ပါတယ်။ ဒါကြောင့်သူမဟာ အချိန်နှင့်အမျှ ဂရု စိုက်နေရပါတယ်။ ဒီသတင်းကိုလည်း ဆေးကုသမှုများခံယူပြီးမှ ထုတ်ပြန်သွားဖို့ စီစဉ်ထားပေမယ့်လည်း သူမ ကိုအားပေးကြတဲ့ ပရိသတ်တွေကို အသိပေးဖို့ သူမမှာတာဝန်ရှိတယ်လို့ ယူဆတဲ့အတွက်ကြောင့် အခုလို ထုတ်ပြန်ကြေညာရခြင်း ဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

ထို့နောက်ဆက်လက်ပြီး သူမ၏ အေဂျင်စီက “ သူမဟာ ကိုယ်ဝန်ဆောင်များနဲ့ ပက်သက်တဲ့ အသိပညာတွေကို အာရုံစိုက် လေ့လာမှာဖြစ်ပြီး ဇနီးတစ်ယောက်အနေနဲ့ကော မိခင်တစ်ယောက်အနေနဲ့ပါ တာဝန်ကျေပွန်အောင် ကြိုးစားသွားဖို့ စီစဉ်ထားပါတယ်” ဟု ပြောခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly