တန်းဆင်းသွားပြီးနောက် ဆန်းဒါးလန်းနည်းပြအဖြစ်မှ မိုယက်စ်နုတ်ထွက်

တန်းဆင်းသွားပြီးနောက် ဆန်းဒါးလန်းနည်းပြအဖြစ်မှ မိုယက်စ်နုတ်ထွက်

မေ ၂၃၊ ဆန်းဒါးလန်း။            ။ ဆန်းဒါးလန်းနည်းပြဖြစ်သူ ဒေးဗစ်မိုယက်စ်သည် ပရီးမီးယားလိဂ်မှအသင်းတန်းဆင်းသွားပြီးနောက် ရာထူးမှနုတ်ထွက်လိုက်ပြီ ဖြစ်သည်။

ဆန်းဒါးလန်းအသင်း၏ ၁၀ နှစ်တာပရီးမီးယားလိဂ်ခရီးမှာ ပြီးခဲ့သည့်လက ဘုန်းမောက်ကိုရှုံးပြီးနောက် အဆုံးသတ်သွားခဲ့သည်။

အသက် ၅၄ နှစ်အရွယ် မိုယက်စ်သည် တနင်္လာနေ့က လန်ဒန်တွင် အသင်းဥက္ကဌ အဲလစ်ရှော့နှင့်တွေ့ဆုံပြီးအကြောင်းကြားခဲ့ ခြင်းဖြစ်သည်။

“ကစားသမားတွေနဲ့ ကျွန်တော့်နေရာဆက်ခံသူကို ပရီးမီးယားလိဂ်ကိုတန်းပြန်တက်နိုင်ဖို့ ကောင်းကောင်းအားထုတ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်”ဟု မိုယက်စ်ပြောသည်။

အဲဗာတန်နှင့်မန်ယူနည်းပြဟောင်း မိုယက်စ်သည် ဆမ်အလာဒိုက်စ် အင်္ဂလန်အသင်းကို ကိုင်တွယ်ရန်ထွက်ခွာသွားပြီးနောက် ယမန်နှစ်ဇူလိုင်တွင် ဆန်းဒါးလန်းအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည်။

ဆန်းဒါးလန်းအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် နိုင်ပွဲခြောက်ပွဲသာရရှိခဲ့ပြီး ရမှတ် ၂၄ မှတ်ဖြင့် အမှတ်ပေးဇယား အောက်ဆုံး၌ရပ်တည်ခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required