ချယ်လ်ဆီးကစားသမား ကွာဒရာဒိုကို ဂျူဗင်တပ်အသင်းအပြီးသတ်ခေါ်ယူ

ချယ်လ်ဆီးကစားသမား ကွာဒရာဒိုကို ဂျူဗင်တပ်အသင်းအပြီးသတ်ခေါ်ယူ

မေ ၂၃၊ တူရင်။           ။ ဂျူဗင်တပ်အသင်းသည် ချယ်လ်ဆီးအသင်းထံမှအငှားဖြင့်ခေါ်ယူထားသည့် တောင်ပံကစားသမား ဟွမ် ကွာဒရာဒိုကို ပေါင် ၁၇ သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်သည်။

အသက် ၂၈ နှစ်အရွယ် ကိုလံဘီယာကစားသမားသည် ပြီးခဲ့သည့်နှစ်ရာသီလုံး ဂျူဗင်တပ်အသင်းတွင်သာကစားခဲ့ပြီး နှစ်ကြိမ်လုံး စီးရီးအေဖလားရခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လအပြောင်းအရွှေ့နောက်ဆုံးရက်တွင်ဖြစ်ပေါ်ခဲ့သည့် ၎င်း၏ အပြောင်းအရွှေ့မှာ သုံးနှစ်အငှားဟုဖော်ပြခဲ့သော် လည်း ယခုအခါ အပြီးသတ်ရောက်ရှိသွားခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ၂၀၁၅ တွင် ကွာဒရာဒိုကို ဖီအိုရင်တီးနားအသင်းထံမှခေါ်ယူစဉ်က ပေါင် ၂၃ ဒသမ ၃ သန်းပေးခဲ့ရ သော်လည်း ကစားသမားဖြစ်သူမှာ ပရီးမီးယားလိဂ် လေးပွဲသာ ပွဲထွက်ခွင့်ရခဲ့သည်။

ကွာဒရာဒိုအတွက်ပြောင်းရွှေ့ကြေးကို သုံးရစ်ခွဲပြီးပေးချေရမည်ဖြစ်ကြောင်း ဂျူဗင်တပ်အသင်းက ကြေညာခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required