ကာရာကတ်စ်ရှိ ဆန္ဒပြပွဲမှုများအတွင်း ဆန္ဒပြသူ ၃ဦးခန့် အပစ်ခံရ

ကာရာကတ်စ်ရှိ ဆန္ဒပြပွဲမှုများအတွင်း ဆန္ဒပြသူ ၃ဦးခန့် အပစ်ခံရ

ကာရာကတ်စ် မေ ၂၂ ။                 ။ ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်ကာရာကတ်စ်၌ ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများသည် တနင်္လာနေ့က ချီတက်ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုကြောင့် ဆန္ဒပြသူ သုံးဦးခန့် အပစ်ခံခဲ့ရ ကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကာရာကတ်စ်မြို့တော် နယ်နမိတ်အတွင်းရှိ အစိုးရရှေ့နေများသည် မြို့တော်အရှေ့ပိုင်း ဘာရူတာအရပ်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြမှုအတွင်း ဆန္ဒပြသူ ၃ဦးခန့် အပစ်ခံခဲ့ရမှုနှင့် ပက်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ် ကြောင်း ပြည်သူ့ရေးရာဝန်ကြီးဌာနက ၎င်းတို့၏ တွစ်တာအကောင့်မှတဆင့် ကြေညာခဲ့သည်။

ဆရာဝန်များနှင့် ကျန်းမာရေးလုပ်သားများသည် မြို့လယ်ခေါင်ရှိ ကျန်းမာရေးဝန်ကြီးဌာနသို့ ဦးတည်ချီတက် ကာ အစိုးရကိုဆန့်ကျင် ဆန္ဒပြခဲ့ကြပြီး ထိုဆန္ဒပြပွဲကို ဖြိုခွင်းရန်အတွက် လုံခြုံရေးတပ်ဖွဲ့များသည် မျက်ရည်ယို ဗုံးများ အသုံးပြုခဲ့ကြသည်။

ဗင်နီဇွဲလားနိုင်ငံရှိ ဆေးရုံများ၌ ဆေးဝါးများ ဆိုးရွားစွာပြတ်လပ်နေမှုကို ဖြေရှင်းပေးရန်နှင့် နိုင်ငံအတွင်းသို့ ဆေးဝါးများနှင့် ကုသမှုဆိုင်ရာ အထောက်အကူပစ္စည်းများ တင်သွင်းဖို့အတွက် လမ်းကြောင်းဖွင့်ပေးသွားရန် ရာနှင့်ချီသော ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားများသည် လမ်းမများပေါ်၌ စုရုံးချီတက် ကာ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပဲ သမ္မတနစ်ကိုးလပ်စ်မာဒူယို၏ ဆော်သြမှုကြောင့် အစိုးရကိုလိုလားသော ဆရာဝန်များ သည် တိုင်းပြုပြည်ပြုလွှတ်တော်ကို ထောက်ခံသည့်အနေဖြင့် ကာရာကတ်စ်မြို့လယ်ခေါင်၌ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ကြသည်။

ဗင်နီဇွဲလားနိုင်ငံတွင် မာဒူယိုအစိုးရအား ဆန့်ကျင်သည့် ဆန္ဒပြမှုများသည် နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည်မှာ ၂လနီးပါးခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုအတောအတွင်း၌ ၄၇ဦး သေဆုံးခဲ့ကာ လူပေါင်းရာနှင့်ချီ၍ ဒဏ်ရာရရှိခဲ့ပြီး အဖမ်းခံခဲ့ရကြောင်း အတိုက်အခံခေါင်းဆောင်များနှင့် အစိုးရရှေ့နေများ၏ အဆိုအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required