အကျဉ်းထောင်ဥပဒေသစ် ပြုပြင်ပြောင်းလဲနိုင်ရေးအလွတ်သဘော ဆွေးနွေး

အကျဉ်းထောင်ဥပဒေသစ် ပြုပြင်ပြောင်းလဲနိုင်ရေးအလွတ်သဘော ဆွေးနွေး

မေ၂၂၊ နေပြည်တော် ။           ။ ပြီးခဲ့သည့် လွှတ်တော် ငါးနှစ်သက်တမ်းအတွင်း ပြည်ထဲရေးမှ တင်ခဲ့ဖူးသော အကျဉ်းထောင် ဥပဒေကို နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ   ပြန်လည် သုံးသပ်ပြီး အချက်အလက်များ ထပ်ဖြည့်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် အလွတ်သဘော ဆွေးနွေးမှုကို ယနေ့ နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာ အဆောင်(I=16)တွင် ကျင်းပခဲ့သည်။

အကျဉ်းထောင်များတွင်  အကျဉ်းကျတရားခံများ များပြားနေပြီး ထိုသူများထဲတွင် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ျပးနိုင်မှု သိပ်မရှိသောသူများကို လျှော့ချသင့်ပြီး ထောင်တစ်ခု တည်ဆောက်ထားခြင်းသည် မည်သည့် ရွည်ချက်နှင့် တည်ဆောက်ထားသည်ကို စဉ်းစားဖို့လိုကြောင်း ဆွေးနွေးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ဆိုသည်။

အကျဉ်းထောင် တည်ဆောက်ရသည့် အဓိက ရည်ရွယ်ချက်သည် လူ့အဖွဲ့အစည်းကို အန္တရာယ်ရှိစေသော လူများကို ထိန်းသိမ်းထားရန်နှင့် အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများရဲ့ဘဝကို ယခုထက်ပို၍ အာမခံချက်ပေးနိုင်အောင် စီစဉ်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။

“အကျဉ်းထောင်တည်ဆောက်ရတဲ့ အဓိကရည်ရွယ်ချက်သည် လူ့အဖွဲ့အစည်းကို အန္တရာယ်ရှိစေတဲ့ လူတွေကိုထိန်းသိမ်းထားဖို့နဲ့ အဲဒီလူတွေနောက်နောင်ပြစ်မှုမကျူးလွန်ဖို့အတွက်   ပြန်လည်ပြုစုပျိုးထောင်ပေးဖု့ိလိုတယ်။အဲ့ဟာကိုအပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားဖို့လိုတယ်။ ဥပဒေကလည်း အဲ့ဟာကိုအပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့ လိုတယ်" ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

"နာက်တစ်ချက်ကကအကျဉ်းဦးစီးမှာရှိနေတဲ့ဝန်ထမ်းတွေရဲ့ဘဝကို ဒီထက်ပိုပြီးတော့ အာမခံချက်ဖြစ်အောင်လည်း ကျွန်တော်တို့ နိုင်ငံတော်ဘက်ကနေပြီးတော့ တာဝန်ယူပေးဖို့လိုတယ်။ တာဝန်ခံပေးဖို့လိုတယ်” ဟ ဦးဘိုကြည်က ဆိုသည်။

ထိုကဲ့သို့ စီမံထားပေးမှသာ ၎င်းဥပဒေကို အကောင်အထည်ဖော်လုပ်ဆောင်ပေးမည့် အကျဉ်းဦးစီး ဌာနရှိ လူများက ယုံယုံကြည်ကြည်နှင့် ပူးပေါင်းဆောင်ရွက်လာနိုင်မည် ဖြစ်ပြီး အဆိုပါ အချက်ကိုလည်း ဥပဒေထဲတွင် ထည့်သွင်းဆွေးရန်လိုအပ်သည်ဟု သိရသည်။

နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အနေဖြင့် အကျဉ်းထောင်နှင့် ပတ်သတ်သည့် ဥပဒေကို ပြင်ဆင်ချင်သည့် ဆန္ဒနှင့် လာရောက်ဆွေးူနွေးခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ကောင်းများကို တွေ့ရသည့် ကူညီပေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ဆိုသည်။

“အခုဒီနေ့ အလွတ်သဘော ဆွေးနွေးကြည့်တာတော့ ရည်ရွယ်ချက်တွေကောင်းတယ်၊ ရည်ရွယ်ချက်ကောင်းတယ် ဆိုတာသိတယ်။ ယေဘူယျ ရည်ရွယ်ချက်ကောင်းတယ်လို့ပြောနိုင်တယ်။ ရည်ရွယ်ချက်ကောင်းတဲ့ အတွက် အန်ကယ်တို့က ကြိုဆိုတယ်၊ ဒါကို ဝိုင်းဝန်းပြီးတော့ AAPPက တကယ်တမ်း တစ်ခုခုလုပ်လာလို့ရှိရင် ကူညီမယ်လို့ပြောလိုက်တယ်” ဟု ဥက္ကဋ္ဌ ဦးဇော်မင်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags