ရခိုင်၊ ကလေးမြို့နှင့် သပိတ်ကျင်းမြို့ ရေဘေး အခြေအနေများ

ရခိုင်၊ ကလေးမြို့နှင့် သပိတ်ကျင်းမြို့ ရေဘေး အခြေအနေများ
သပိတ်ကျင်းမြို့ ရေကြီးမှု အခြေအနေ။ ဓါတ်ပုံ - ရာပြည့်

ရခိုင်၊ ကလေးမြို့နှင့် သပိတ်ကျင်းမြို့ ရေဘေး အခြေအနေများ

ရခိုင်ပြည်နယ်တွင် ရေကြီးမှုကြောင့်လူ ၂၅၀၀၀ခန့်ရေဘေးသင့်ကာ လူ ၂၀ခန့်သေဆုံး

ရခိုင်ပြည်နယ်တွင် ဇူလိုင် ၂၆ ရက်မှ စပြီးမိုးရွာသွန်းမှုနှင့် တောင်ကျရေစီးဆင်းမှုများကြောင့် ရေကြီးမှုဖြစ်ပွားကာ သြဂုတ် ၁ရက်အထိ ရေဘေးသင့်နေသူ ဦးရေ ၂၅၀၀၀ခန့်ရှိပြီး လူ ၂၀ခန့် သေဆုံး ခဲ့သည်ဟု စစ်တွေမြို့မှ ကိုမိုးဇော်မြင့်က ပြောသည်။
ကိုမိုးဇော်မြင့်က “ အစိုးရ အကူအညီတွေ လာတယ်တော့ ကြားမိတယ်။ တကယ်ဖြစ်တဲ့နေရာကို မရောက်လာသေးဘူး။ ဒေသမှာရှိတဲ့ အကူအညီပေးရေးအဖွဲ့တွေလည်း ကြာလာရင်တော့ မခံနိုင်တော့ဘူး ”ဟုဆိုသည်။
ရခိုင်ပြည်နယ်တွင် မင်းပြား၊ ဘူးသီးတောင်၊ ကျောက်တော် ဒေသများသည် ရေကြီးမှုအဆိုးဆုံး ဖြစ်နေပြီး ယင်းဒေသများတွင် လူအများရေလွတ်ရာသို့ထွက်ပြေးကာ မြောက်ဦးမြို့ပေါ်ရှိ ဘုန်းကြီ းကျောင်း၊ဘုရားနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရသည် ဟုလည်း ကိုမိုးဇော်မြင့်ကဆိုသည်။

ရာဇဂြိူလ်ဆည် အခြေအနေကောင်းသည်ဆိုသော်လည်း ကလေးမြို့ရေဘေးစိုးရိမ်ရဆဲဟုဆို

ဇူလိုင် ၃၁ ရက်က ရေပိုလွှဲမှ ရေများလျှံကျခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ကျေးရွာအနီးတွင် တည်ရှိသည့် ရာဇဂြိုလ်ဆည် မှာ ရေကျ၍ အခြေအနေ ကောင်းလာ နေသည်ဆိုသော်လည်း ကလေးမြို့ပေါ်နှင့် အနီးတဝိုက်ရှိ ကျေးရွာများမှာ ရေဘေး စိုးရိမ်ရဆဲဟု ကလေးမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ဒေသခံ အထက်ချင်းတွင်း လူငယ်များအဖွဲ့မှ ဒါရိုက်တာ ကိုကျော်ဇင်လတ်က မဇ္ဈိမကို ေပြောသည်။
ကိုကျော်ဇင်လတ်က” ကလေးမြို့ပေါ်မှာတော့ ရပ်ကွပ်နှစ်ခုပဲ ရေလွတ်တော့တယ်၊ တာဟန်းနဲ့ တောင်ဖီလာ ရပ်ကွက်တွေပေါ့။ အသေအပျောက်ရှိေပေမယ့် စာရင်းမလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့လည်း ကားတာယာတို့၊ပလတ်စတ်စပုံးတို့နဲ့ ဖောင်ဖွဲ့ပြီး ကယ်နေရတယ်”ဟုဆိုသည်။
ဇူလိုင် ၃၁ ရက်အထိ ကလေးမြို့ဝန်းကျင်ရှိ ကျေးရွာများမှာ အားလုံးရေနစ်မြုပ်နေပြီး ကုန်းအမြင့်ပိုင်း ဖြစ်သည့် ကလေးမြို့ အနောက်ဘက်ရှိ ရေဘေးစခန်းလေးခုတွင်သာ လာရောက်ခိုလှုံနေရပြီး ညနေပိုင်းတွင် ဆေးရုံ၊ ရဲစခန်းနှင့် လျှပ်စစ်ရုံးများပါရေနစ်မြုပ်သွားခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
သြဂုတ် ၁ရက်တွင်မူ ရေဆက်လက် တက်လာပြီး ကလေးမြို့ပေါ်ရှိ ရေဘေးစခန်းလေးခုအနက် နှစ်ခု ရေနစ်မြုပ်သွားခဲ့သဖြင့် ရေလွတ်ရာ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်ရှိ ကလေးစက်မှုဇုန် သို့သွားရောက ်ရေဘေးရှောင်သူများလည်း ရှိနေသည်ဟုလည်း ၎င်းကဆိုသည်။
ရာဇဂြိုဟ်ဆည်အခြေအနေမှာ ကောင်းမွန်နေပြီး ရေပိုလွှဲမှာ ရေကျော်ခြင်းသာ ဖြစ်၍ ရေမှတ်ကျ သွားပြီ ဖြစ်သည်ဟုလည်း ရာဇဂြိုလ်ဆည်မှ ဆည်မြောင်းအရာရှိတစ်ဦးဖြစ်သည့် လက်ထောက် အင်ဂျင်နီယာ ဦးဗညားစိုးကဆိုသည်။
၎င်းက “ တမံစောင့်ကြည့်ရေးအဖွဲ့တွေက ၂၄ နာရီ စောင့်ကြည့်နေတယ်ဗျ၊ ၊လက်ထောက် ညွှန်ကြားရေးမှူး တစ်ယောက် ဦးစီးပြီးတော့ ဦးစီးအရာရှိ ၁၀ဦး၊ေ အအီး စုစုပေါင်း ၁၀ဦးအပါအဝင် အဖွဲ့တွေ စောင့်ကြည့်နေတယ်၊စိုးရိမ်စရာ မရှိတော့ပါဘူး”ဟု ဆိုသည်။
ရာဇဂြိုလ်ဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ်ကျေးရွာ အနီးတွင် တည်ရှိပြီး ယင်းနေရာတွင် နရဉ္စရာမြစ်ကို အခြေပြုသည့် ရာဇဂြိုဟ်ဆည် ရေအားလျှပ်စစ်စက်ရုံလည်း တည်ရှိ နေသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနီးတွင် ဇူလိုင် ၃၁ ရက်က အဆိုးဝါးဆုံး ရေကြီးမှုဖြစ်ခဲ့ပြီး ကလေးမြို့ပေါ် အပါအဝင် ကျေးရွာပေါင်း ၂၂ရွာ ရေလွှမ်းမိုးခံရပြီး ကလေးမြို့ အနောက်ဘက်ပိုင်းရှိ ကုန်းမြင့်နေရာသို့ ရွှေ့ပြောင်းခဲ့ရသည်။

သပိတ်ကျင်းတွင် တောင်ကျချောင်းရေလျှံပြီး လူ ရှစ်ဦးသေဆုံး

သပိတ်ကျင်းမြိုအရှေ့မြောက်ဘက်တွင် ဇူလိုင် ၂၆ရက်က တောင်ကျချောင်းရေလျှံသဖြင့် အိမ် ၁၆လုံး ပြိုကာ လူ ရှစ် ဦးသေဆုံးခဲ့သည် ဟု အဆိုပါ ဒေသသို့ကယ်ဆယ်ရေးသွားရောက် လုပ်ဆောင် ပေးခဲ့သည့် သဘာဝဘေးကူညီရေးကွန်ရက် အဖွဲ့မှ အဖွဲ့ဝင် ကို ရာပြည့်က ဆိုသည်။
ကိုရာပြည့်” အခုချိန်မှာတော့ ရေကဒူးလောက်ရှိတယ်။ မိုးထပ်ရွာရင်ပိုဆိုးလာနိုင်တယ်၊ အိမ်တွေပြန် ဆောက်ဖို့ ခက်နေတယ်” ဟု ဆိုသည်။
တောင်ကျချောင်းရေကြောင့် ရေဘေးသင့်သည့် ရွာလေးရွာမှာ တောင်မဲ၊တွင်းငယ်၊ကြာတောင်၊ ဒေါင်းပုံရွာများဖြစ်ပြီးတွင်းငယ်ရွာမှာ ချောင်းနှင့်အနီးကပ်ဆုံးဖြစ်၍ အဆိုးဆုံးထိခိုက်ခဲ့သည်ဟု ၎င်းကဆိုသည်။
ယခုအခါတွင် ရွာသားများကို သပိတ်ကျင်းမြို့ပေါ်ရှိ အစိုရမူလတန်းကျောင်းတစ်ခုတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပေးထားသည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် ဒေသခံပရဟိတအဖွဲ့ွများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် နိုင်ငံရေးပါတီများကလည်း ကယ်ဆယ်ရေးပစ္စည်းများ လာရောက်လှူဒါန်းထားသည်ဟုလည်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly