ထောင်ပေါင်းများစွာသောပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့တဲ့ လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်

ထောင်ပေါင်းများစွာသောပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့တဲ့ လာလီဂါချန်ပီယံ ရီးယဲလ်မက်ဒရစ်
ဓာတ်ပုံ-EPA
 

တနင်္ဂနွေနေ့မှာ ရီးယဲလ်မက်ဒရစ်အသင်းက မာလာဂါအသင်းကို နှစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရပြီး လာလီဂါဖလားကို ၃၃ ကြိမ်မြောက် ဆွတ်ခူးသွားပြီးနောက်မှာတော့ စပိန်ရဲ့မြို့တော်ဟာ ထောင်ပေါင်းများစွာသောအဖြူရောင်ဂျာစီဝတ် ရီးယဲလ်ပရိသတ်တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါတယ်။

အဲဒီနောက် ရီးယဲလ်မက်ဒရစ်အသင်းသာတွေဟာ အောင်ပွဲခံနေကျနေရာဖြစ်တဲ့ မြို့လယ်က ပလာဇာကို အမိုးဖွင့်ဘတ်စ်ကားနဲ့ ရောက်လာပြီး ပရိသတ်တွေနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။

အသင်းခေါင်းဆောင် ရာမို့စ်အပါဝင် ကစားသမားတချို့ဟာ ကျောနံပါတ် ၃၃ ပါ ဂျာစီအဖြူကိုဝတ်ဆင်ထားကြပြီး အမိုးဖွင့် ကားပေါ်ကနေ ပရိသတ်တွေနဲ့အတူ ဖုန်းနဲ့ဓါတ်ပုံရိုက်တာတွေလည်း လုပ်ခဲ့ကြပါတယ်။

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးစီရော်နယ်ဒိုကလည်း ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ပဲကျန်တော့လို့ ပရိသတ်တွေရဲ့အားပေးမှုကို လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုက “ကျွန်တော်တို့အခု ချန်ပီယံလိဂ်ဖလားရဖို့ပဲ ကျန်ပါတော့တယ်။ ခင်ဗျားတို့ရဲ့အားပေးမှုကို ရေတွက်နေပြီ။ ကဲ စကြစို့၊ ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့ပြီး ပရိသတ်တွေနဲ့ သီချင်းတွေအတူဆိုရင်း အောင်ပွဲခံခဲ့ပါတယ်။

မာလာဂါနဲ့ပွဲမှာ ရီးယဲလ်မက်ဒရစ်အတွက်ဂိုးတွေကို စီရော်နယ်ဒိုနဲ့ ဘင်ဇီမာတို့က သွင်းယူခဲ့ကြပြီး ရီးယဲလ်မက်ဒရစ်အနေနဲ့ ၂၀၁၂ နောက်ပိုင်း ငါးနှစ်ကြာမှ စပိန်လာလီဂါအမှတ်ပေးဖလားကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

ရီးယဲလ်တို့ဟာ ဇွန်လ ၃ ရက်မှာ အီတလီပြည်တွင်းဖလားနှစ်လုံးချန်ပီယံ ဂျူဗင်တပ်နဲ့ ကာဒစ်ဖ်မြို့မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly