ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသမားဆုအတွက် အသင်းဖော်များကို ကော့တွိုက်စ်ကျေးဇူးတင်

ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသမားဆုအတွက် အသင်းဖော်များကို ကော့တွိုက်စ်ကျေးဇူးတင်

မေ ၂၂၊ အင်္ဂလန် ။             ။ ပရီးမီးယားလိဂ်အကောင်းဆုံးဂိုးသမားဆု(Golden Glove)ဆုကို ရရှိခဲ့သည့်အတွက် အသင်းဖော်များကို ကျေးဇူးတင်ကြောင်း ချယ်လ်ဆီးဂိုးသမားကော့တွိုက်စ်က   ပြောဆိုလိုက်သည်။

ကော့တွိုက်စ်သည် ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်းအတွက် ၁၆ ပွဲ ဂိုးမပေးရအောင် လက်စွမ်းပြကာကွယ်ပေးခဲ့သည့်အတွက် အကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ကော့တွိုက်စ်ကို အနီးဆုံးစိန်ခေါ်ခဲ့သူမှာ စပါးဂိုးသမား ဟူဂိုလောရစ်ဖြစ်ပြီး ၁၅ ပွဲ ပေးဂိုးမရှိ ကစားနိုင်ခဲ့သည်။

'ပရီးမီးယားလိဂ်လိုပြိုင်ပွဲမှာ အကောင်းဆုံးဂိုးသမားဆုကို ရရှိတာက တကယ်ကို ဝမ်းသာဂုဏ်ယူစရာကောင်းပါတယ်။ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုဆုကိုရဖို့က တစ်ဦးတစ်ယောက်တည်း လုပ်လို့မရပါဘူး။ ဂိုးသမားတစ်ယောက်ရဲ့ကာကွယ်မှုတွေက အရေးကြီးပေမယ့် ဂိုးမပေးရတာက ခံစစ်ကစားသူတွေအားလုံးကောင်းမွန်လို့ပါ။ ဒီနှစ်က အားလုံးအတွက် တကယ်ကိုကောင်းမွန်တဲ့ ရာသီပါပဲ' ဟု ကော့တွိုက်စ်က ပြောဆိုခဲ့သည်။

ကော့တွိုက်စ်သည် ယခုနှစ်ရာသီတွင် ဂိုးကာကွယ်မှုပေါင်း ၆၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။

ရည်ညွှန်း ပရီးမီးယားလိဂ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required