တရားမဝင်ခိုးထုတ်နေသည့် ကျွန်းခွဲသားများ ၁၇ တန်ကျော် ပဲခူးတွင်ဖမ်းဆီးရမိ

တရားမဝင်ခိုးထုတ်နေသည့် ကျွန်းခွဲသားများ ၁၇ တန်ကျော် ပဲခူးတွင်ဖမ်းဆီးရမိ
ဓာတ်ပုံ - သစ်တောဦးစီးဌာန

ရန်ကုန်၊ မေလ ၂၂ ။              ။ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်အတွင်းရှိ ဘိုင်းဒါးကြိုးဝိုင်း၊ ကွက်အမှတ် (၈ဝ) တောတွင်းနေရာနှင့် ကုလား ကုန်းကျေးရွာဝန်းကျင် လေးနေရာမှ တရားမဝင်ခိုးထုတ်နေသည့်  ကျွန်းခွဲသားများ တန် ၃ဝ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ မေလ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ဦးစီးအရာရှိခေါင်းဆောင်သော မြို့ချောင်း တာဝန်ကျ သစ်တောဝန်ထမ်းများနှင့် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ မေလ ၁၉ ရက်တွင် တရားမဝင်သစ်ခုတ်လှဲခိုးယူမှုများအား စုံစမ်းရှာဖွေဖမ်းဆီးလျက်ရှိရာ ဖာအိုကျေးရွာသွားလမ်းဘေး၊ ဘိုင်းဒါး ကြိုးဝိုင်း၊ အကွက်အမှတ်(၈ဝ)တောတွင်းနေရာမှ တရားမဝင်ခိုးထုတ်ထားသည့်  ၇ တန်ကျော်ရှိ ကျွန်းခွဲသား ဆိုဒ်စုံ ၁၆၇ ချောင်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

မေလ ၂ဝ ရက်နေ့တွင်လည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၈၃/၆)မိုင် နေရာတွင် ဆက် လက်ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်းဆောင်ရွက်ခဲ့ရာ မြို့ချောင်းကျေးရွာအုပ်စု၊ ကင်းရွာနှင့် ကုလားကုန်းကျေး ရွာဝန်းကျင် လေးနေရာတို့မှ တရားမဝင်ခိုးထုတ်ထားသည့် ၉ တန်ကျော်ရှိ ကျွန်းခွဲသားဆိုဒ်စုံ ၂၄၅ ချောင်း၊ စုစုပေါင်း ကျွန်ခွဲသားဆိုဒ်စုံ ၄၁၂ချောင်း၊ (၁၇.၃၆၆၆ )တန် ကိုဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ကျွန်းခွဲသားများကို တရားမဝင်ခိုးထုတ်နေသူများအား ဥပဒေနှင့်အညီအရေးယူနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းရှာဖွေနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly