မိမိ၏ အနာဂါတ်မှာ အာဆင်နယ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်မရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်ဟု ဝင်းဂါးဆို

မိမိ၏ အနာဂါတ်မှာ အာဆင်နယ်အသင်းချန်ပီယံလိဂ်ဝင်ခွင့်မရခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်ဟု ဝင်းဂါးဆို

မေ ၂၂၊ လန်ဒန်။              ။ အာစင်ဝင်းဂါးက ၎င်း၏ ပရော်ဖက်ရှင်နယ်ပီသမှုနှင့် အရည်အချင်းကို မေးခွန်းထုတ်နိုင်မည်မဟုတ်သော်လည်း ၎င်း၏အနာဂါတ် အရေးနှင့်ပတ်သက်ပြီးမရေမရာဖြစ်ခဲ့ခြင်းက အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ခဲ့ သည်ဟု ပြောသည်။

ပရီးမီးယားလိဂ်အဆင့် ၅ အဖြစ်နှင့်သာအဆုံးသတ်ခဲ့သည့် အာဆင်နယ်အသင်းအတွက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

လာမည့်နွေရာသီတွင် စာချုပ်သက်တမ်းကုန်တော့မည့် အာစင်ဝင်းဂါးက ၎င်း၏အနာဂါတ်ကို မေ ၂၇ တွင်ကစားမည့် အက်ဖ်အေ ဖလားဗိုလ်လုပွဲပြီးနောက် ဆုံးဖြတ်မည်ဟု ပြောသည်။

“ကမ္ဘာပေါ်ကအသင်းတိုင်းကို ကျွန်တော်ငြင်းခဲ့ပါတယ်”ဟု အသက် ၆၇ အရွယ် ပြင်သစ်ကပြောသည်။ ဝင်းဂါးသည် အာဆင်နယ်အသင်းကို ၁၉၉၆ ကတည်းကကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားသုံးလုံး၊ အက်ဖ်အေဖလားခြောက်လုံးရယူပေး ထားသော်လည်း လက်ရှိရာသီတွင် အသင်းမှနုတ်ထွက်ရန် ပရိသတ်များ၏ဆန္ဒပြတောင်းဆိုခြင်းနှင့် ရင်ဆိုင်နေရသည်။

“ဇန်နဝါရီကတည်းက ကျွန်တော်တို့ဟာ အကြောင်းရင်းခံအမျိုးမျိုးနဲ့ ခက်ခဲတဲ့အဝန်းအဝိုင်းကိုကြုံခဲ့ရတယ်လို့ ယုံကြည်ပါတယ်။

တချို့အကြောင်းအရာတွေကိုတော့ ခင်ဗျားတို့လည်းသိပါတယ်။ အဲဒါတွေက တချို့ကစားသမားအစုအဖွဲ့တွေကို ထိန်းရသိမ်းရ ခက်စေခဲ့တယ်။ နောက်အကြောင်းပြချက်တွေကိုတော့   နောက်ရက်မှပဲပြောကြတာပေါ့။

စိတ်ခံစားချက်တွေက တော်တော်ဆိုးခဲ့တယ်။ ခက်ခဲခဲ့တယ်။ ဟုတ်တယ်၊ ကျွန်တော့်ပုဂ္ဂိုလ်ရေးအခြေအနေက အဲဒီလိုဖြစ်စေခဲ့ တာ အတိအကျပဲ။ ဒါပေမဲ့ ခင်ဗျားတို့အနေနဲ့ ကျွန်တော့် ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ အရည်အချင်းကို ဘယ်တော့မှ မေးခွန်းထုတ် နိုင်မှာမဟုတ်ဘူး”ဟု ဝင်းဂါးက ဆိုသည်။

အာဆင်နယ်သည် အဲဗာတန်ကို ၃-၁ ဂိုးဖြင့်နိုင်ခဲ့သော်လည်း လီဗာပူးလ်က မစ်ဒယ်ဘရော့ကို ၃-၀ ဖြင့်နိုင်လိုက်သဖြင့် လီဗာပူးလ်အသင်းအောက် တစ်မှတ်အကွာ အဆင့် ၅ နေရာဖြင့်သာ အဆုံးသတ်ခဲ့ရခြင်းဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly