Billboard ဂီတဆုပေးပွဲ၌ ဆုရရှိသည့် ပထမဦးဆုံး ကေပေါ့ပ်ဂီတအဖွဲ့ဖြစ်လာသည့် BTS

Billboard ဂီတဆုပေးပွဲ၌ ဆုရရှိသည့် ပထမဦးဆုံး ကေပေါ့ပ်ဂီတအဖွဲ့ဖြစ်လာသည့် BTS

BITS အဖွဲ့သည် ယခုဆိုလျှင် Billboard ဂီတဆုပေးပွဲ၌ ဆုရရှိသည့် ပထမဦးဆုံး ကေပေါ့ပ်ဂီတအဖွဲ့ ဖြစ်လာပြီ ဖြစ်သည်။

BTS အဖွဲ့သည် Top Social Artist ဆုအတွက် ဇကာတင်စာရင်းထဲ၌ ပါဝင်ခဲ့အပြီးတွင် လာ့စ်ဗီးဂတ်ရှိ T-Mobile အားကစားကွင်းကြီး၌ ကျင်းပသော Billboard ဂီတဆုပေးပွဲသို့ မေလ ၂၁ရက်နေ့က တက်ရောက်ခဲ့သည်။ BTS အဖွဲ့သည် ထိုဆုအတွက် ဂျက်စတင်ဘီဘာ၊ အေရီရာနာဂရန်ဒီ၊ ဆယ်လီနာဂိုမက်ဇ်၊  ရှောမန်ဒက်စ်တို့နှင့် ယှဉ်ပြိုင်ခဲ့ရသည်။

ထိုဆုအတွက် မဲပေးရွေးချယ်မှုများကို မေလ ၁ရက်နေ့ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး BTS ၏ ပရိသတ်အဖွဲ့ ကြီးက တွစ်တာနှင့် အွန်လိုင်းပေါ်ရှိ Billboard ဂီတဆုပေးပွဲ ဝက်ဘ်ဆိုက်သို့ သွားရောက်ကာ မဲပေးသည့် သင်္ကတေဖြစ်သော “#BTSBBMAS” ဖြင့် မဲပေးခဲ့ကြသည်။ BTS အဖွဲ့သည် စုစုပေါင်းမဲအရေအတွက် သန်း ၃၀၀ ကျော်ဖြင့် Top Social Artist ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ဆုလက်ခံရန် စင်ပေါ်သို့ BTS အဖွဲ့ တက်လာချိန်တွင် အဖွဲ့ဝင် Rap Monster က “ ကျနေ်ာတို့ ဒီစတိတ်စင် ပေါ်မှာ ဒီလိုဆုလက်ခံယူရလိမ့်မယ်လို့ အခုထက်ထိကို မယုံကြည်နိုင်သေးပါဘူး။ ကျနော်တို့လေးစားအားကျ ရတဲ့ အနုပညာရှင်တွေကို ဒီပွဲမှာ တွေ့ရတာ တကယ့်ကိုဝမ်းသာပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အနုပညာရှင် တွေကို ကျော်ဖြတ်ပြီး ဒီဆုကို ရရှိတဲ့အတွက် ဂုဏ်ယူရပါတယ်” ဟု သူက ပြောခဲ့ပြီး Billboard နှင့် ကမ္ဘာ တစ်ဝှမ်းမှ BTS အဖွဲ့၏ ပရိသတ်များကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

နှစ်စဉ်ကျင်းပနေကြဖြစ်သော Billboard ဂီတဆုပေးပွဲတွင် BTS အဖွဲ့သည် ပထမဦးဆုံး ဆုရရှိသည့် ကေပေါ့ပ် ဂီတအဖွဲ့ဖြစ်သည်။ ထိုဆုပေးပွဲ၌ ပထမဦးဆုံး ကိုရီးယား တစ်ကိုယ်တော် အနုပညာရှင်အနေဖြင့် PSY က သူ၏ ပေါက်သီချင်းဖြစ်သော Gangnam Style ဖြင့် ၂၀၁၃ ခုနှစ်က ဆုရရှိခဲ့ဖူးသည်။ ဒါ့အပြင် PSY သည် ပြီးခဲ့သော လကတည်းက BTS အဖွဲ့ကို ထိုဆုပေးပွဲတွင် ဇကာတင်စာရင်း၌ ပါဝင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုကြောင်း တွစ်တာမှတဆင့် ပြောကြားခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required