အမ်းချောင်းရေမြင့်တက်လာ မှုကြောင့်ကျေးရွာနေအိမ် အချို့ရေကြီး နစ်မြုပ်

အမ်းချောင်းရေမြင့်တက်လာ မှုကြောင့်ကျေးရွာနေအိမ် အချို့ရေကြီး နစ်မြုပ်

သြဂုတ် ၁ ရက် ။      ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် ဇူလိုင်လ ၃၀ ရက်နေ့က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ညနေပိုင်းမှစ၍ အမ်းချောင်းရေ မြင့်တက်လာခဲ့သည်။

အဆိုပါ အမ်းချောင်းရေ မြင့်တက်လာမှုကြောင့် အောက်ရွာကျေးရွာနှင့် ချောင်းအောက်ပိုင်း ကမ်းနားနေ ကျေးရွာ အချို့တွင် လူနေအိမ်များ ၃ ပေမှ ၇ ပေခန့် ရေနစ်မြုပ်ခဲ့ရာ သြဂုတ် ၁ ရက်ထိ ကားများသွား လာ၍ မရသေးဟု သိရပြီး ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီမှုများရှိသည်ဟု သတင်းရရှိသည်။

Source - MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly