NLD နာယက သူရဦးတင်ဦး ကျန်းမာရေး တိုးတက်ကောင်းမွန်နေပြီဟု ဦးဝင်းထိန်ပြော

NLD နာယက သူရဦးတင်ဦး ကျန်းမာရေး တိုးတက်ကောင်းမွန်နေပြီဟု ဦးဝင်းထိန်ပြော

ရန်ကုန်၊ မေလ ၂၁ ။          ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က NLD နာယက သူရဦးတင်ဦးကို ယနေ့ မေလ ၂၁ ရက်၊ ညနေ ၄ နာရီခွဲခန့်တွင် လာရောက်ကြည့်ရှုအားပေးခဲ့ရာ နာ ယက သူရဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်နေပြီဟု မဇ္ဈိမသို့ ပြောသည်။

ဦးဝင်းထိန်က နာယက သူရဦးတင်ဦးအားတွေ့ဆုံရန် နေပြည်တော်မှ လေကြောင်းလိုင်းဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကာ ဦးတင်ဦးအား တစ်နာရီခန့်တွေ့ဆုံအားပေးခဲ့ပြီး တွေ့ဆုံပြီးအပြန် မဇ္ဈိမက မေးမြန်းခဲ့ရာ ဖြေကြားခဲခြင်းဖြစ်သည်။

“ သူက တော်တော်သိနေပြီ။ စကားမပြောနိုင်တာတစ်ခုပဲ။ သိနေပြီ။ ဘယ်ဘက်လက်က ကောင်းကောင်း လှုပ်နိုင်တယ်။ ညာဘက်လက်က ကောင်းကောင်းမလှုပ်နိုင်သေးဘူး။ ဘယ်ဘက်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်က ညာဘက်လက်ကို သွားပြီးတော့ ထိတာပေါ့။ သက်သာသွားမှာပါ”ဟု ဦးဝင်းထိန်က ပြောသည်။

နာယကကြီး သူရဦးတင်ဦးသည် မေလ ၁၇ရက်နေ့ ၊ ည ၁၁နာရီအချိန်က သူ့နေအိမ်ရေချိုးခန်းမှာ ချော်လဲခဲ့ပြီး သတိလစ်ခဲ့ပြီးနောက် SSC ဆေးရုံကို သွားရောက်ပြသခဲ့ပြီး မေလ ၁၈ရက်နေ့ မနက် ၃ နာရီ ၁၀မိနစ်တွင် ရန်ကုန်ဆေးရုံကြီးကို ရောက်ရှိလာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required