ရေနံချောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင် ကယ်ဆယ်ရေး ဆောင်ရွက်နေ

ရေနံချောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေဝင် ကယ်ဆယ်ရေး ဆောင်ရွက်နေ

သြဂုတ် ၁ ။       ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် သူဌေးကုန်းကျေးရွာနှင့် ပွင့်ဖြူမြို့နယ် ငါးခြောက်ကုန်းကျေးရွာ၊ မြင်းခြံခုံ၊ ပေါက်ကုန်းကျေးရွာတို့တွင် သြဂုတ်လ ၁ ရက်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်သဖြင့် လူနေအိမ်အချို့ ရေနစ်မြုပ်ခဲ့သည်။

အဆိုပါ ရေနစ်မြုပ်ရာ ကျေးရွာများသို့ ဧရာမင်း ၂ ဇက်ရေယာဉ်ဖြင့် ရေဘေးသင့်သူများနှင့် နွားများကို ရေနံချောင်းမြို့နယ် ဆားတိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ရွေ့ပြောင်းရန် မကွေးခရိုင် အုပ်ချုပ်ရေးမှူး၊ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီသည်ဟုဆိုသည်။

Source - MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required