မသန်စွမ်းသူကျောင်းသူကျောင်းသား ၉၅ ဦးအတွက် ပညာသင်ထောက်ပံ့မှုပေးအပ်

မသန်စွမ်းသူကျောင်းသူကျောင်းသား ၉၅ ဦးအတွက် ပညာသင်ထောက်ပံ့မှုပေးအပ်

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေး)က မသန်စွမ်းသူ ကျောင်းသူ ကျောင်းသားများ အား မေ ၂၁ရက်နေ့ နံနက်ပိုင်း မကွေးမြို့ အောင်စေတနာရပ်ကွက် အဝေရာသုခကျောင်းတိုက်တွင် တစ်ဦးလျှင် ကျပ် ၁ သောင်းနှုန်း ပညာသင်ထောက်ပံမှုများ ပေးအပ်ခဲ့သည်။

အဆိုပါပွဲသို့ မကွေးတိုင်းဒေသကြီး အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးဦးနေမျိုးကျော်တက်ရောက်ခဲ့သည်။

“သူတို့တွေနဲ့ ခင်မင်ရင်းနှီးခဲ့တာ ၁နှစ်ကျော်သွားခဲ့ပြီ။ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုတို့အတွက် ပူးပေါင်းကူညီခွင့် မကြာခဏရတာကလည်း ကြည်နူးစရာ ကောင်းပါတယ်။ ဝန်ကြီးချုပ်ကလည်း သူတို့တွေ စုပေါင်းရပ်တည်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ မတည်ကူညီ ထောက်ပံပေးဖို့ ပြင်ဆင်လျက်ရှိသလို မကွေးသူ/သားမိတ်ဆွေများကလည်း ရေရှည်ထောက်ပံမှုအတွက် ဒီနေ့အခမ်းအနားမှာ ဆွေးနွေးညှိနှိုင်းကြတာမို့ အားတက်စရာကောင်းပါတယ်” ဟု ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေး)က မသန်စွမ်းသူ ၉၅ ဦး အတွက် တစ်ဦးလျှင် ကျပ် ၁ သောင်းနှုန်းဖြင့် ပညာသင်ထောက်ပံမှုများ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မျက်မှောက်ခေတ်တွင် လူတိုင်းအကြုံးဝင် ပညာသင်ကြားနိင်ခွင့်ရှိခြင်း၊ ထိုအထဲတွင် မသန်းစွမ်းသူများလည်း ပါဝင်နေသည့်အသိအား ပြည်သူတွေ သိစေချင်ကြောင်း၊ နောက်ဆုံးအဆင့် ကျောင်းဆရာ ဆရာမများကအစ အားနည်းနေခြင်းတို့ကြောင့် ပညာသင်ကလေးများအား ပံ့ပိုးပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(မကွေး)က ပြောသည်။

“ဒီနေ့ ကျောင်းသုံံးပစ္စည်းတွေ အလှုငွေတွေ ထောက်ပံပေးပါတယ်။ မကွေးမှာ မသန်စွမ်းဦးရေ ၉၅ ဦး ရှိပါတယ် ။ အလှူငွေကတော့ တစ်ယောက် ကျပ်တစ်သောင်းနှုန်းလှူတာပါ၊ မသန်စွမ်းသူတွေ ပညာတတ်ရာခိုင်နှုန်း အရမ်းနည်းပါတယ် ။ တစ်နိင်ငံလုံးမှာ ၄ ဒသမ ၆ ရာခိုင်နှုန်း ရှိတဲ့အထဲမှာ မသန်စွမ်းပညာတတ်နှုန်း အရမ်းနည်းတဲ့အတွက် မသန်စွမ်း ပညာတတ်မြောက်ရမယ် ။ ထိုက်သင့်တဲ့ ဘွဲ့တစ်ခု ရ ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မသန်စွမ်းပညာသင်ကလေးတွေကို ခွန်အားမြင့်တင်ပေးတဲ့ အနေနဲ့ ပံ့ပိုးပေးတာပါ”ဟု မြန်မာနိင်ငံမသန်းစွမ်းသူများရှေ့ဆောင်အဖွဲ့(မကွေး) ဥက္ကဋ္ဌ
ကိုနေစိုးလင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required