၁၂ ဘီးကားဖြင့် တရားမဝင်သယ်လာသည့် ပိတောက်သစ် ၁၀ တန်ကျော် ဖမ်းဆီးရမိ

၁၂ ဘီးကားဖြင့် တရားမဝင်သယ်လာသည့် ပိတောက်သစ် ၁၀ တန်ကျော် ဖမ်းဆီးရမိ
ဓာတ်ပုံ-မန္တလေးတိုင်းရဲတပ်ဖွဲ့
 

ရန်ကုန်၊ မေလ ၂၁ ။             ။ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၇ လမ်း၊ Gold Petrol ဓါတ်ဆီဆိုင်အနီး ရပ်ထားသော ၁၂ ဘီးကား ပေါ်မှ တရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်များအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြစ်ငယ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့တို့မှ မေလ ၂ဝ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ အမရပူရမြို့နယ်၊ ၆၇ လမ်း၊ Gold Petrol ဓါတ်ဆီဆိုင်အနီး ရပ်ထားသော ၁၂ ဘီးကားကို သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ အဆိုပါ ကားပေါ်မှ တရားမဝင်သယ်ဆောင်လာသော ပိတောက်သစ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ပိတောက်သစ်များမှာ (ဓားရွှေ) ၇၈ တုံးဖြစ်ပြီး အလေးချိန် ၁ဝ တန်ကျော်၊ တန်ဖိုး ကျပ် ( ၂,၆ဝ၈,၂ဝဝ) ကျပ်ရှိကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ၁၂ ကားဖြင့် ပိတောက်သစ်များကို တရားမဝင်သယ်ဆောင်လာသည့် ယာဉ် မောင်း အသက် ၃ဝ အရွယ် ကိုမာ နော်နှင့် ယာဉ်နောက်လိုက် အသက် ၁၉ နှစ်အရွယ် မိုးဇော်တို့ကို မြစ်ငယ် နယ်မြေရဲစခန်းတွင် (ပ)၁၅၆/၂၀၁၇၊ ပြည်သူပိုင်ပုဒ်မ ၆(၁)အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required