ဆော်ဒီဘုရင်က ဒေါ်နယ်ထရမ့်အား ထိပ်တန်းအရပ်သားဂုဏ်ထူးဆောင်ဆု ချီးမြှင့်

ဆော်ဒီဘုရင်က ဒေါ်နယ်ထရမ့်အား ထိပ်တန်းအရပ်သားဂုဏ်ထူးဆောင်ဆု ချီးမြှင့်

ရီယာ့ဒ်၊ မေ ၂၀ ။              း။ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံသို့ မေ ၂၀ ရက်တွင် ရောက်ရှိလာသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ဆော်ဒီဘုရင်က ထိပ်တန်းအရပ်သား ဂုဏ်ထူးဆောင်ဆုအား ပေးအပ်ချီးမြှင့်သည်။

မြို့တော် ရီယာ့ဒ်က တော်ဝင်တရားရုံး တွေ့ဆုံမှုအတွင်း ဆော်ဒီဘုရင် ဆာလမန်က ဒေါ်နယ်ထရမ့်အား King Abdulaziz ဘုရင်မင်းမြတ်အဗ္ဗဒူလာဇစ် ဂုဏ်ထူးဆောင်ဆုတံဆိပ်အား   ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံ ငါးနိုင်ငံသို့ စတင်လှည့်လည်ခြင်းဖြစ်ကာ ဆော်ဒီအာရေဗျသို့ ဦးစွာလာရောက်ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျမှတစ်ဆင့် အစ္စရေး၊ ဗာတီကန်စီးတီးနှင့် ဘယ်ဂျီယမ်သို့လည်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်ပခရီးစဉ်ထွက်ခွာလာချိန်တွင် သမ္မတထရမ့်အနေဖြင့် ပြည်တွင်းရေး၌ အကျပ်အတည်းများ ရင်ဆိုင်နေရသည့် ကြားက ထွက်ခွာလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် အမေရိကန်ရွေးကောက်ပွဲ၌ ရုရှ ပါဝင်စွက်ဖက်သည်ဆိုကာ သံသယဖြင့် စုံစမ်းစစ်ဆေးလျက်ရှိစဉ် ဒေါ်နယ်ထရမ့်က FBI အကြီးအကဲ ဂျိမ်းကိုမီအား ရာထူးက ဖယ်ရှားလိုက်ခြင်းဖြင့် စုံစမ်းစစ်ဆေးမှု တန့်ရပ်အောင် လုပ်ဆောင်သည်ဟု စွပ်စွဲမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required