အာဆီယံ အမျိုးသမီး ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်း တတိယရရှိ

အာဆီယံ အမျိုးသမီး ယူ-၁၅ ပြိုင်ပွဲတွင် မြန်မာအသင်း တတိယရရှိ
ဓာတ်ပုံ - AFF

၂၀၁၇ အာဆီယံအမျိုးသမီး ယူ-၁၅ ပြိုင်ပွဲ တတိယနေရာလုပွဲတွင် မြန်မာအသင်းသည် ကမ္ဘောဒီယားအသင်းကို ၃ ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိပြီး တတိယဆုကို ရရှိခဲ့သည်။

မြန်မာအသင်းသည် ကမ္ဘောဒီးယားအသင်းကို ခြေအသာဖြင့်ကစားနိုင်ခဲ့ပြီး ပထမပိုင်းတွင် ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရနေခဲ့သည်။ ဒုတိယပိုင်းတွင် ချေပဂိုးတစ်ဂိုးပြန်ပေးခဲ့ရပြီး ရုန်းကန်ခဲ့ရသော်လည်း အသင်းခေါင်းဆောင် မြတ်နိုးခင်က ပွဲပြီးကာနီးတွင် အနိုင်ဂိုးတစ်ဂိုးထပ်မံသွင်းယူပေးခဲ့သောကြောင့် ၃-၁ ဂိုးဖြင့် မြန်မာအသင်းအနိုင်ရရှိခဲ့သည်။

မြန်မာယူ ၁၅ အမျိုးသမီးအသင်းသည် အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ လာအိုတို့နှင့်အတူ ကျရောက်ခဲ့သည်။ အုပ်စုပွဲများတွင် လာအိုကို ၂ ဂိုး၊ ၁ ဂိုး၊ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုး၊ မလေးရှားကို ၄ ဂိုး ၂ ဂိုးဖြင့် နိုင်ခဲ့ပြီး ထိုင်းကို ၁ ဂိုး၊ ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

အုပ်စုဒုတိယဖြင့် ဆီမီးသို့တက်နိုင်ခဲ့ပြီး ဆီမီးတွင် ဖိလစ်ပိုင်နှင့်တွေ့ဆုံခဲ့ရာ သုံဂိုး၊ ၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်အတွက် ကမ္ဘောဒီးယားနှင့် တတိယနေရာလုပွဲကစားခဲ့ရခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required