YBS ၅၆ နှင့် ၅၇ တို့ ကားသစ်များဖြင့် ပြောင်းလဲပြေးဆွဲတော့မည်

YBS ၅၆ နှင့် ၅၇ တို့ ကားသစ်များဖြင့် ပြောင်းလဲပြေးဆွဲတော့မည်

ရန်ကုန်၊ မေလ ၂၀ ။               ။ ဝိုင်ဘီအက်စ်ယာဉ်လိုင်း ၅၆ နှင့် ယာဉ်လိုင်း ၆၇ များတွင် တရုတ်နိုင်ငံမှ မှာယူထားသော ကားအသစ်များကို ယခု မေလမှ စတင်၍ တိုးချဲ့ပြေးဆွဲသွားမည်ဟု သိရသည်။

မြို့တွင်းပတ်ယာဉ်လိုင်းများဖြစ်သော  ၅၆ ယာဉ်လိုင်းနှင့် ၅၇ ယာဉ်လိုင်းများတွင် တရုတ်နိုင်ငံထုတ်ကားအစီး ၁၀၀ ဖြင့် တိုးချဲ့မည် ဖြစ်ပြီး လာမည့် မေလ ၂၁၊ ၂၂ ရက်နေ့များတွင် စတင်အသုံးပြုပြေးဆွဲသွားမည်ဖြစ်သည်။

ကားလိုင်းတစ်ခုစီတွင် ကားသစ် အစီးရေ ၅၀ တိုးချဲ့ပြေးဆွဲသွားမည်ဟု စီးတီးလိုင်နာကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးတင်အောင်မြင့်ဦးက ပြောသည်။

"အရေအတွက်ကြတော့ အဲ့ဒီ ၅၆ မှာ ကားအသစ် ၅၀ ရယ် ၊ ဟိုဘက်က ၅၇ မှာ ကားအစီး ၅၀ ရယ် ဒီလောက်နဲ့ပဲ ဆွဲမှာပါ။ လောလောဆယ် အသစ်တွေကတော့ မလာသေးဘူး"ဟု မှ  မန်းနေးဂျင်းဒါရိုက်တာ ဦးတင်အောင်မြင့်ဦးက ပြောသည်။

အဆိုပါကားသစ်များမှာ Omini Focus ကုမ္ပဏီမှ တင်သွင်းထားသည့် Foton ဘတ်စ်ကားသစ်များဖြစ်ပြီး  ယာဉ်လိုင်း ၅၆ နှင့် ယာဉ်လိုင်း ၅၇ တို့တွင် တိုးချဲ့သွားမည်ဖြစ်သည်။  လက်ရှိတွင် ၅၆ နှင့် ၅၇ ယာဉ်လိုင်းများသည် YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်၍ ယခုအချိန်ထိ မီနီဘတ်စ်များ၊ တရုတ်နိုင်ငံထုတ် Yutong ဘတ်စ်ကားများဖြင့် ရန်ကုန်မြို့တွင်း သခင်မြပန်းခြံမှ ဗိုလ်တစ်ထောင်ဘုရား၊ ပုဇွန်တောင်မြို့နယ်များသို့ ပြေးဆွဲလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required