အိုင်းယက်စ်အသင်း ယူရိုပါလိဂ်တွင် မရှိသင့်ဟု မော်ရင်ဟိုပြော

အိုင်းယက်စ်အသင်း ယူရိုပါလိဂ်တွင် မရှိသင့်ဟု မော်ရင်ဟိုပြော

မေ ၂၀၊ မန်ချက်စတာ။              ။ ဗုဒ္ဓဟူးနေ့တွင် စတော့ခ်ဟုမ်း၌ နယ်သာလန်ကလပ်နှင့်ကစားမည့် ဗိုလ်လုပွဲအတွက် မန်ချက်စတာယူနိုက်တက်အသင်း ပြင်ဆင်နေစဉ်တွင် နည်းပြမော်ရင်ဟိုက အိုင်းယက်စ်အသင်းမှာ ယူရိုပါလိဂ်တွင် ဝင်ပြိုင်ရန် အခွင့်အရေးမရသင့်ဟု ပြောဆိုလိုက် သည်။

အိုင်းယက်စ်အသင်းသည် ပြီးခဲ့သည့်သြဂုတ်က ခြေစစ်ပွဲနောက်ဆုံးအဆင့်တွင် ရော့စတော့ကိုရှုံးပြီး ချန်ပီယံလိဂ်မှထွက်ခဲ့ရကာ ယူရိုပါလိဂ်ကို ခြေစစ်ပွဲကစားစရာမလိုဘဲ အုပ်စုအဆင့်မှစတင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

အသင်းတစ်သင်းအနေဖြင့် ပြိုင်ပွဲနှစ်ရပ်စလုံးတွင်ဝင်ပြိုင်ခွင့်မရသင့်ကြောင်းပြောဆိုခဲ့သည့် မော်ရင်ဟိုက “သူတို့က ချန်ပီယံလိဂ် ကလာတဲ့ ချန်ပီယံလိဂ်အသင်းပါ။ အဲဒါကို ကျွန်တော်အမြဲတမ်း ကန့်ကွက်ခဲ့ပါတယ်။

အသင်းတစ်သင်းအနေနဲ့ တစ်ရာသီတည်းမှာ ဥရောပပြိုင်ပွဲနှစ်ခုစလုံးကိုဝင်ပြိုင်ခွင့်မရသင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ အိမ်ပဲပြန်ရသင့်တယ်။ ယူရိုပါလိဂ်ကစားခွင့်မရသင့်ဘူး။ ယူရိုပါလိဂ်ဆိုတာက ကျွန်တော်တို့လို ယူရိုပါလိဂ်ဝင်ခွင့်ရတဲ့ အသင်းတွေပဲ ကစားခွင့်ရသင့်တယ်။

ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အဆင့် ၅ ရလို့ ယူရိုပါလိဂ်ဝင်ခွင့်ရတယ်။ ယူရိုပါလိဂ်ကို အစကတည်းကယှဉ်ပြိုင်ခဲ့ပြီး အဆုံးထိ တိုက်ပွဲဝင်ရမယ်”ဟု ပြောသည်။

ငယ်ရွယ်သည့် အိုင်းယက်စ်အသင်း ဗိုလ်လုပွဲတက်လာခြင်းကို အံ့သြမိခြင်းမရှိကြောင်းနှင့် အသက်အရွယ်ထက် အရည်အချင်းကသာ အဓိကကျသည်ဟုလည်း မော်ရင်ဟိုက ဆိုခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required