ထိုင်းတောင်ပိုင်းရှိ မွတ်ဆလင်ခွဲထွက်ရေး ဆူပူအုံကြွမှုများကြောင့် ဒေသခံပြည်သူများ၏ စိတ်ကျန်းမာရေးပိုင်းမှာ ထိခိုက်မှုတွေဖြစ်ပေါ်

ထိုင်းတောင်ပိုင်းရှိ မွတ်ဆလင်ခွဲထွက်ရေး ဆူပူအုံကြွမှုများကြောင့် ဒေသခံပြည်သူများ၏ စိတ်ကျန်းမာရေးပိုင်းမှာ ထိခိုက်မှုတွေဖြစ်ပေါ်

မေ ၂၀ ။           ။ ပရိဒေဝမီးတောက်လောင်မှု၊ ထပ်တလဲလဲ ပြန်ပေါ်ပေါ်လာနေသည့် စိတ်ဖိစီးမှုများ၊ တစ်ဘက်သားအပေါ် ယုံမှားသံသယကြီးမှု၊ စိတ်ကျဝေဒနာ ခံစားရမှု စတာတို့ဟာ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် မွတ်ဆလင်ခွဲထွက်ရေး အုံကြွမှု စတင်ပေါ်ပေါက်ခဲ့ပြီးကတည်းက ထိုင်းတောင်ပိုင်းရှိ ဒေသခံများ အလူးအလဲကြုံတွေ့နေရတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပဲ ဖြစ်ပါတယ်။

ယင်းနိုင်ငံတောင်ပိုင်းရှိ ပတ္တာနီ၊ ယာလာနဲ့ နာရာသီဝက် ခရိုင်တွေမှာ အဆိုပါ ခွဲထွက်ရေး အုံကြွမှု ထကြွလာခဲ့တာ ယခုဆိုရင် ၁၃ နှစ်ရှိလာခဲ့ပြီ ဖြစ်ပြီး ယင်းကာလအတောအတွင်း လူပေါင်း ၆,၇၀၀ သေဆုံးထားခဲ့ရပြီး ဖြစ်ပါတယ်။

အဆိုပါ ပဋိပက္ခ ဖြစ်စဉ်တွေနဲ့ လုံးပန်းနေရတဲ့ ဒေသမှာတော့ မှီတင်းနေထိုင်သူ လူပေါင်း နှစ်သန်းနီးပါး ရှိပြီး မွတ်ဆလင်တွေနဲ့ မလေးတိုင်းရင်းသားတို့ အဓိက နေထိုင်နေကြတာဖြစ်ပါတယ်။

လက်နက်ကိုင် တိုက်ပွဲ ဖြစ်ခဲ့တဲ့ ပထမဆယ်နှစ်တာကာလအတွင်းမှာတင် ယင်းဒေသတွင်းက အမျိုးသမီးဦးရေ ၃,၀၀၀ ၎င်းတို့ရဲ့ ခင်ပွန်းသည်တွေကို ဆုံးရှုံးခဲ့ရသလို ကလေးငယ်ပေါင်း ၆,၀၀၀ လောက်လည်း မိဘမဲ့ဖြစ်ခဲ့ကြရပါတယ်။

" ကိုယ်ချစ်တဲ့သူတွေကို ဆုံးရှုံးလိုက်ရသလို လက်ရှိ တွေ့ကြုံနေရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုအခြေအနေတွေကြောင့်လည်း အဲဒီဒေသခံတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေ အပေါ်လည်း ထိခိုက်စေလျက်ရှိပါတယ်၊ အထူးသဖြင့်တော့ ဒီဖြစ်စဉ်တွေမှာ သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ၊ အကြမ်းဖက် ဖြစ်စဉ်တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလိုက်ရသူတွေက ပိုဆိုးတာပေါ့" လို့ ထိုင်းတောင်ပိုင်းက စိတ်ကျန်းမာရေး စင်တာမှ ဒါရိုက်တာ ဒေါက်တာ ပက်ချ်ဒေါ် တိုမီနာက ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly