JCB ဆောက်လုပ်ရေးပစ္စည်းများ ရိုးမကုမ္ပဏီက စတင်ဖြန့်ဖြူး

JCB ဆောက်လုပ်ရေးပစ္စည်းများ ရိုးမကုမ္ပဏီက စတင်ဖြန့်ဖြူး
Photo-JCB Loadall (Telescopic Handler)

Yoma Strategic Holdings Ltd.၏ ကုမ္ပဏီခွဲဖြစ်သည့် Convenience Prosperity ကုမ္ပဏီလီမီတက် CPCL က JCB အကြီးစားစက်ပစ္စည်းထုတ်ကုန်များကို ရန်ကုန်တွင် မေလ ၁၇ရက်က စတင်ပြီး  တရားဝင်စတင်ဖြန့်ချိပြီဖြစ်သည်။

Photo-JCB Robot

CPCL သည် မြန်မာနိုင်ငံအတွင်း JCB ဆောက်လုပ်ရေးသုံးပစ္စည်းများ သီးသန့်ဖြန့်ချိသည့် ကုမ္ပဏီဖြစ်ကာ လုပ်ငန်းစတင်မှုကို ၂၀၁၇ ဇန်နဝါရီက စခဲ့ခြင်းဖြစ်သည်။

ယခုတရားဝင်ဖြန့်ချိမှုအခမ်းအနားကို ပန်းလှိုင်အိမ်ရာတွင် ရိုးမမဟာဗျူဟာကုမ္ပဏီက JCB UK နှင့် JCB India တို့နှင့်အတူ ကျင်းပခဲ့ခြင်းဖြစ်ကာ ဗြိတိန်နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုမြန်မာဒါရိုက်တာ ဒေါက်ကလပ်စ်ဘာနက်စ်လည်း ပါဝင်သည်။

Photo-JCB Loadall (Telescopic Handler)

အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ဖောက်သည်များနှင့် သတင်းမီဒီယာများမှ ဧည့်သည် ၃၀၀ ကျော်ထက်မနည်း တက်ရောက်ခဲ့သည်။

“ဆောက်လုပ်ရေးသုံးပစ္စည်းတွေမှာ ဦးဆောင်အမှတ်တံဆိပ်ဖြစ်တဲ့ JCB ကို မြန်မာနိုင်ငံမှာ ဖြန့်ချိနိုင်တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂုဏ်ယူပါတယ်။”ဟုYoma Strategic Holdings Ltd.၏ စီအီးအို မယ်ဗင်ပန်က ပြောခဲ့သည်။

“မြန်မာနိုင်ငံမှာ အခြေခံအဆောက်အအုံသစ်တွေ တည်ဆောက်ရာ လိုအပ်ချက်တွေအတွက် ဆောက်လုပ်ရေးလုပ်ငန်းက ကျယ်ပြန့်လာတာကြောင့် JCB အနေနဲ့လည်း မြန်မာနိုင်ငံက   ဈေးကွက်တည်ရှိမှုကို ချဲ့ကားသွားဖို့ ရည်သန်ထားပါတယ်။”ဟု JCB India မှ MD နှင့် CEO ဖြစ်သူ ဗီပင်ဆွန်ဟီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly