Miss Myanmar International 2017 ယှဉ်ပြိုင်မည့်သူများ အတွက် အထူး အခွင့်အရေး

Miss Myanmar International 2017 ယှဉ်ပြိုင်မည့်သူများ အတွက် အထူး အခွင့်အရေး

ရန်ကုန် ၊ မေ ၁၉ ။            ။ Miss Myanmar International Organization ၏ ပထမဆုံး အကြိမ် ၂၀၁၇ ခုနှစ် တွင် အထူးအစီအစဉ် အနေဖြင့် တောင်ကြီး နှင့် မန္တလေး မြို့တို့တွင် Miss Myanmar International သရဖူကို ဆွတ်ခူး ရရှိခဲ့သည့် နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ အမရာငြိမ်း နှင့် အင်ကြင်းထူးတို့မှ Miss Myanmar International 2017အတွက် ပြိုင်ပွဲဝင် လျှောက်လွှာ များကို လက်ခံပြီး လူတွေ့စစ်ဆေးမှုများကို ပြုလုပ်သွားမည် ဖြစ်သည်။

Miss Myanmar International 2017 အတွက် စိတ်ပါဝင်စားသူများ အနေဖြင့် မေလ (၁၉)ရက်နေ့ ညနေ(၃)နာရီမှ ညနေ(၅)နာရီအထိ Taunggyi Hotel မင်္ဂလာခန်းမ တွင် လျှောက်လွှာ တင်လို့ ရသလို လူတွေ့ စစ်ဆေးမှု အပြင် Miss Myanmar International သရဖူ ဆွတ်ခူး ရရှိခဲ့သည့် နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ အမရာငြိမ်း နှင့် အင်ကြင်းထူးတို့က Miss Myanmar International အတွေ့အကြုံများကို မျှဝေသည့်  စကားဝိုင်းကို အထူးဧည့်သည် ဒေါ်ရီရီဝင်းနှင့်အတူ ဆွေးနွေးသွားကြမည်ဖြစ်သည်။

တောင်ကြီးမြို့အပြင် မန္တလေးမြို့တွင်လည်း မေလ (၂၁)ရက်နေ့ ညနေ(၄)နာရီမှ ညနေ(၆)နာရီအထိ Hotel Marvel Mandalay Grand Amarapura Ballroom တွင် ပြိုင်ပွဲဝင် လျှောက်လွှာများ လက်ခံပြီး လူတွေ့ စစ်ဆေးမှု အပြင် နန်းခင်ဇေယျာ၊ ဂုဏ်ရည်အေးကျော်၊ အမရာငြိမ်း နှင့် အင်ကြင်းထူးတို့မှ Miss Myanmar International အတွေ့အကြုံများကို မျှဝေသည့် စကားဝိုင်းကို အထူးဧည့်သည် ဒေါ်ရီရီဝင်းနှင့်အတူ ဆွေးနွေးသွားကြမည်ဟု သိရသည်။

 ရန်ကုန်မြို့ရှိ Miss Myanmar International 2017 အတွက် စိတ်ပါဝင်စားသူများ အနေဖြင့်လည်း လျှောက် လွှာ Form များကို မေလ (၂၆)ရက် မှ မေလ(၂၈)ရက် အထိ လျှောက်ထားသည့်သူ ကိုယ်တိုင် လျှောက်လွှာ မှတ်ပုံတင်ကြေး (၃၀၀၀)ကျပ်နှင့်အတူ Myanmar Tourism Federation အမှတ် ၃၂၊ ဝေဇန္တယာလမ်းဆုံနှင့် သံသုမာလမ်းထောင့်၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်) သို့လာရောက်ပေးပို့လျှောက်ထားနိုင်သည်။

Miss Myanmar International ပြိုင်ပွဲကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ပြည်တွင်း ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လူငယ်အမျိုးသမီးများမှ ဆောင်ရွက်ပေးရန်၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တိုင်း ပြည် ကိုယ်စားပြု မြန်မာအလှမယ်များ ပေါ်ပေါက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Miss Myanmar International 2017 ပြိုင်ပွဲကို စက်တင်ဘာလတွင် ကျင်းပ ပြုလုပ်ရန် စီစဉ်ထားပြီး Miss Myanmar International 2017 ၊ 1st Runner Up ၊ 2nd Runner Up တို့ကို ရွေးချယ်သွားမည် ဖြစ်ကာ Miss Myanmar International 2017 ရရှိသူသည် သရဖူ နှင့် ဆုငွေကျပ် သိန်း ၁၀၀  ရရှိမည့် အပြင် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် Miss International Beauty Pageant 2017 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly