BTS အဖွဲ့၏ ရှိုးပွဲကို သမီးဖြစ်သူနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည့် အတွေ့အကြံုအား ဒွန်နီယန်းပြောဆို

BTS အဖွဲ့၏ ရှိုးပွဲကို သမီးဖြစ်သူနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သည့် အတွေ့အကြံုအား ဒွန်နီယန်းပြောဆို

IP Man ဇာတ်ကားများနှင့် Rogue One: A Star Wars Story ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဟောင်ကောင်၏ဂန္တဝင် အက်ရှင်မင်းသားတစ်ဦးဖြစ်သူ ဒွန်နီယန်းသည် BTS ဂီတအဖွဲ့၏ ဖျော်ဖြေပွဲသို့ သူ၏ သမီးဖြစ်သူနှင့်အတူ သွားရောက်ကြည့်ရှုခဲ့သော အတွေ့အကြုံအား ပြောပြခဲ့သည်။

မကြာသေးခင်ကမှ ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဒွန်နီယန်းက ထိုအတွေ့အကြုံကို မျှဝေခဲ့ပြီး “ ကျနော့်ရဲ့ သမီးက BTS အဖွဲ့ရဲ့ အမာခံပရိသတ်ပါ။ ကျနော် အဲ့ဒီ့ရှိုးပွဲကို ပရိသတ်တစ်ဦးအနေနဲ့ သွားရောက်ကြည့်ရှုခဲ့ တာပါ” ဟု ပြောခဲ့သည်။

ဒါ့အပြင် “ BTS အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်က ကျနော့်ရဲ့ ပရိသတ်တစ်ဦးလို့ သိရပါတယ်။ အဲ့ဒီ့ရှိုးပွဲမှာ ကျနော် လူပေါင်း ၁၀၀လောက်နဲ့အတူ တွဲပြီး ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ အဲ့ဒါမှ BTS အဖွဲ့ကလည်း ကျနော့် သမီးနဲ့အတူ ဓာတ်ပုံတွဲရိုက်မှာပေါ့။ ကျနော့်သမီးနဲ့ အဖွဲ့ဝင်တစ်ဦးချင်းစီနဲ့ တွဲပြီး ဓာတ်ပုံရိုက်နိုင်ခဲ့ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

BTS အဖွဲ့သည် ၎င်းတို့၏ WINGS ဟု အမည်ပေးထားသော နယ်လှည့်ဖျော်ဖြေပွဲကို ဟောင်ကောင်၌ မေလ ၁၃ နှင့် ၁၄ ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည်။

BTS အဖွဲ့သည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျော်ကြားလာသော ဂီတအဖွဲ့တစ်ခုဖြစ်သည်။ ဒါ့အပြင် BTS အဖွဲ့သည် လာမည့်မေလ ၂၁ရက်နေ့တွင် ၂၀၁၇ Billboard ဂီတဆုပေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး Top Social Artist ဆုအတွက် စကာတင်စာရင်းထဲတွင် ရွေးချယ်ခံထားရသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required