မိုးအဆက်မပျက် ရွာသဖြင့် ဆိပ်ဖြူမြို့နယ် ကားလမ်းပျက်

မိုးအဆက်မပျက် ရွာသဖြင့် ဆိပ်ဖြူမြို့နယ် ကားလမ်းပျက်

ဆိပ်ဖြူ ဇူလိုင် ၃၁ ။      ။ မကွေးတိုင်ဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မိုးအဆက်မပျက် ရွာသွန်းမှုကြောင့် ဇူလိုင် ၃၀ ရက် ညနေ၌ ဆိပ်ဖြူ-ဆော-ကန်ပက်လက်ကားလမ်း ဆိပ်ဖြူမြို့နှင့် (၇) မိုင်အကွာ မြေကြမ်းတောကျေးရွာနှင့် ဂျုပ်ချောင်ကြီး ကျေးရွာအကြားရှိ လမ်းပိုင်းတွင် ရေကျော်ပြီး မိုးရေတိုက်စားမှုကြောင့် လမ်းပခုံးများ ပျက်စီး၍ ရေစားချောက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ခရီးသွားများအတွက် အန္တရာယ်ဖြစ်ပေါ်နိုင်သဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် နှင်းသဇင်ဆောက်လုပ်ရေး ကုမ္ပဏီတို့မှ လမ်းလွှဲများ စီစဉ်ပေးသည်ဟုဆိုသည်။

ဇူလိုင် ၃၁ ရက်နေ့၌ အဆိုပါ ရေစားချောက်အား လမ်းပခုံးရေစားချောက်အား ဆက်လက်၍ မြေဖို့ခြင်း သဲအိတ်များချထားခြင်း ၊ရေစီးလမ်းလွှဲခြင်း များဆောင်ရွက်ပြီး တစ်လမ်းမောင်း စနစ်ပြုလုပ်ထားသည် ဟု သိရသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာတွင် တည်ရှိပြီး ရေဘေး အန္တရယ် ကျရောက်နိုင်သော မြို့နယ်ဖြစ်ပြီး ၂၀၁၀-၂၀၁၁ ခုနှစ် အောက်တိုဘာလများ တွင်ယောချောင်း နဘေးရှိ ကျေးရွာများ၌ ချောင်းရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။

Source - ပြန်/ဆက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly